AUKEY EP-T1 True Wireless Stereo Earbuds

Image may contain: phone

နှစ်ပတ်လောက် စမ်းသုံးကြည့်ပြီးတဲ့ အနေအထားရ

Music ပိုင်းမှာ ဗျူး ဗျူး ဗြဲ ဗြဲ မဖြစ်ပဲ သေချာတိကျတဲ့ အသံရတယ်

Phone Call ပိုင်းမှာ နည်းနည်းဆူတဲ့နေရာမျိုး ဒီဘက်က Voice ကို

ဟိုဘက်က တော်တော် နဲ့ မကြားရဘူး အဲ့ဒီ ပြသနာ တစ်ခုရှိတယ်

Noise Cancelling ကောင်းကောင်းမလုပ်နိုင်ဘူး

Case ကို အားသွင်းဖို့ အချိန် ၂ နာရီပဲ ပေးရမယ်

Earbuds တွေကို အားသွင်းဖို့လဲ အချိန် ၂ နာရီပဲ ပေးရတယ်

Battery Power အပြည့် သွင်းထားတဲ့ Case မှာ

Earbud တစ်ဖက် ဆီကို ၆ ကြိမ်တိုင်တိုင် အားပြန်သွင်းနိုင်တယ်

သူ့ဝဘ်ဆိုက်မှာရေးထားတာကတော့ Music Play Time က

၄ နာရီ ဆက်တိုက် သုံးနိုင်တယ်လို့ ရေးထားပေမဲ့

တကယ်တမ်း မှတ်ထားရင် ၃ နာရီ စွန်းစွန်း ပဲ ခံတယ်…

သူ့ သက်မှတ်ချက်က Vol 50% ထိပဲလို့ ကန့်သက်ထားပေမဲ့

ကိုယ်အဲ့ထက် ချဲ့မိတာလဲ ဖြစ်မှာပါ

Earbuds မှာ Button သေးသေးလေး တစ်ခုစီ ပါတယ်

Phone Call လက်ခံဖို့ ပြန်ခေါ်ဖို့ နဲ့ Music Next ဘာညာ အတွက်ပါ

Touch Sensor မပါပါဘူး

ဖုန်းလာပြီ ဆို ၂ ချက်လောက် ခေါက်တာဖြစ်ဖြစ်

လက်ညိုးလေး နဲ့ တို့ တာဖြစ်ဖြစ် လုပ်လို့ ရတဲ့

တစ်ခြား Earbuds တွေလိုတော့ အရမ်းအဆင်ပြေမနေပါဘူး

Phone Call အတွက် Time ကတော့ စိတ်ကျေနပ်စရာပါပဲ

ကိုယ်ပဲ ဖုန်းအဝင် အထွက် သိပ်မများလို့ပဲလားမသိ

Charge တစ်ခါလုပ်ပြီးရင် ၂ ရက်လောက် အားမသွင်းပဲ

သုံးလို့ အေးဆေး ပဲ

ကြားထဲ standby time မှာ တစ်ဖြေးဖြေး Battery ကုန်သွားတယ်

ဆိုတာ မရှိပါဘူး…

ဆိုးတာ တစ်ခုက နားကို comfort မဖြစ်စေဘူး

အလုပ်ကိစ္စ ကြောင့် အပြင်သွားရင် တစ်နေကုန် တပ်ထားရတဲ့

သူတွေ အတွက် အဆင်မပြေနိုင်ဘူး…

ကိုယ်ပဲ ဖြစ်တာလား ဆိုပြီး တစ်ခြားသူတွေ ရဲ့ Comment တွေ

Review တွေမှာ ရေးထား ပြောထားတာ ရှာ တွေ့ရတယ်…

EP-T1 ကိုရွေးမယ်ဆိုရင် Music ပိုင်း သီးသန့် အတွက်

ဝယ်စေချင်တယ် သီချင်းနားထောင်ဖို့ ခနတဖြုတ် အသုံးပြုဖို့ဆို

အရမ်းအဆင်ပြေတဲ့ Earbuds အဖြစ် ညွှန်းပေးမှာဖြစ်ပြီး

ပုံမှန် ဖုန်း အရမ်းပြောရတဲ့ သူတွေအတွက် ကြာရှည်

နားမှာတပ်ထားဖို့ အဆင်မပြေလောက်ပါဘူး…

Earbuds တစ်ဖက်စီ ဟာ 60mAh ပါဝင်ပြီး

Earbuds တွေကို Charge လုပ်ပေးတဲ့ Case ကတော့

800 mAh ပါဝင်ပါတယ်.

USB Cable ကတော့ ပုံမှန် microUSB ပါပဲ

လောလောဆယ် သူ့ဝဘ်ဆိုက်မှာ ပရိုမိုးရှင်းရှိပုံပါပဲ

92700ks ကို 69500ks နဲ့ ရောင်းနေတာတွေ့ရပါတယ်

AUKEY EP-T1 မှာ အပြစ်ပြောစရာ ဆိုလို့

Noise Cancelling မကောင်းတာရယ်

ကြာရှည် အသုံးပြုရင် Comfort မဖြစ်တာကလွဲရင်

သုံးလို့ အဆင်ပြေပါတယ်….

အာမခံကတော့ ၁၈ လလို့ ရေးထားတယ်

စိတ်ဝင်စားရင်ဝင်ကြည့်ဖို့

အောက်မှာ Website Link ပြပေးထားပါတယ်

AUKEY EP-T1 True Wireless Stereo Earbuds

Leave a Reply

Your email address will not be published. Required fields are marked *