DATA FROG 4K HD HDMI Game Console

 

No photo description available.

ခုရက်ပိုင်းလေး က တရုတ် ဝဘ်ဆိုက်တစ်ခုမှာ

Family Game စက် ပုံစံ Console တစ်ခုတွေ့လို့

USD 50 နဲ့ မှာ ဝယ်ခဲ့တယ်

ပုံစံ အမျိုးမျိုး ကွဲပြီး USD 30 ကျော်တန်ထိ

ရှိတယ် မဝယ်ခင်တော့ Youtube မှာ သေချာလေ့လာပါ

ဒီစက်က ဂိမ်းစက် ၆ မျိုးကို အဓိက Support လုပ်တယ်

Game Format: Support

MAME / GBA / SMD / SNES / NES / SFC

ဆိုပြီး တွေ့နိုင်တယ်

ဒီစက်ကို ဝယ်ရတဲ့ အချက်က

သူ့ Device ထဲမှာတင် Game 600 လောက်

ရှိနေတဲ့ အပြင်ကို Online က Game Rom တွေ

Download ပြီး ဆော့နိုင်ဖို့ SD Card Slot ကို

ပါဝင်ထားပေးပါတယ်

စိတ်မကောင်းစရာ တစ်ခုက ဂိမ်းအမျိုးအစားပေါင်း

များစွာ ဆော့နိုင်ပေမဲ့ PS 1 ဂိမ်းတွေတော့

မရနိုင်ပါ PS1 Support လုပ်တဲ့ ဂိမ်းစက်ကတော့

USD 100 ဝန်းကျင်လောက် အနည်းဆုံးရှိပါတယ်

နောက်မှ ဝယ်စမ်းပြီး ပြောပြမယ်

ဒီစက်ရဲ့ SD Card Slot အတွက်ကို

Memory Expansion: Support

8G / 16G / 32G လို့ ပြထားပါတယ်

8GB တောင် ဂိမ်းတွေ အတော်ဆန့်ပါတယ်

အထဲမှာလဲ ၆၀၀ ပါပြီးသား ပဲလေ

Game Controller က Wireless စနစ်ဖြစ်လို့

ပိုပြီး လန်းနေသလို ခံစား ရတယ်

Controller ၂ ခု ပါတာ ရွေးဝယ်လို့ရတယ်

ဈေးသိပ်မကွာဘူး ၂ ခုပါတော့ ရမ်ဘိုဆော့မလား

၂ ယောက် သိုင်းချမလား လုံးဝ အလန်းပဲ

ခုထိတော့ ဂိမ်းတွေ ဆော့ မကုန်သေးဘူး

အကုန် လိုက်စမ်းနေတုန်းပဲ

ပိုလန်းတာက HDMI ပါတာပါ

4K ထိ ပါတယ် ဘာညာ ဆိုပေမဲ့

တရုတ်ဂျင်းပါပဲ 1920x1080P လောက်ရှိတဲ့

ဂိမ်း မပါပါဘူး ဒါပေမဲ့ Screen Size ကို

လိုသလို ပြုပြင်နိုင်ပါတယ်

နောက်တစ်ခုက ငယ်ငယ်တုန်းကလို

အပြီးထိ တစ်ထိုင်ထဲ ဆော့စရာ မလိုပဲ

ရောက်တဲ့နေရာမှာ Save လို့ ရပါပြီ 

အိမ်က ကလေးတွေ ဘာတွေ ရှိရင်

ကောင်းကောင်းကြီး မပျင်းအောင်

ဆော့ရမယ့် ဂိမ်းစက်ပဲ ဗျ

အောက်မှာတော့ ပုံတွေ တစ်ခုချင်းသာ

ဝင်ကြည့်သွားပါ ဝယ်ချင်ရင်လဲ ပြောပါ

မှာပေးပါတယ်

https://www.aliexpress.com/item/32902575855.html

Previous Article
Next Article

Leave a Reply

Your email address will not be published. Required fields are marked *