Earbuds ရွေးချယ်ဖို့ ဆိုတာ
Bluetooth Earbuds တွေဟာ
အများအပြားထွက်လာပါတယ်…
အောက်ခြေ Airpod အတု တွေက
အစ နာမည်ကျော် ဘရန်းတွေ အထိပါ
ထွက်ပါတယ်…
ကျနော်သုံးဖူးသမျှ မှာ Recommend ပေးရရင်
Airpod ကို ဈေးကြီးတယ်လို့ မမြင်ပဲ
စိတ်မညစ်ရပဲ စိတ်ကျေနပ်မှု အပြည့်ပေးတယ်လို့
မြင်ပြီး ဝယ်ပါ…
အသံပိုင်းဆိုင်ရာရော ဘတ်ထရီခံတာပါ
အားသာချက် အများကြီးပါ
Samsung Earbuds ကိုတော့
Samsung Device တွေမှာ ဆို
S8+ လောက်ကနေ စပြီး ခုနောက်ဆုံးထွက်
S10+ ထိ ကောင်းကောင်း သုံးလို့ အဆင်ပြေပါတယ်
အသံပိုင်းဆိုင်ရာလဲ မိုက်တယ် ဘတ်ထရီလဲခံတယ်
Samsung Tab တို့ ဘာတို့မှာလဲ အတော်ကြီး
အဆင်ပြေတယ်….
ဖုန်းအဝင် Call ရတဲ့ Sam Tab တွေဆို
လူကြားထဲ စပီကာကြီး ဖွင့်ပြောစရာမလို
နားကြပ်တန်းလန်းကြီး ကြိုးနဲ့ လဲ အလုပ်မရှုပ်တော့ဘူး
အတော် အဆင်ပြေတယ်…
Sam Earbuds ကို တစ်ခြားဖုန်းတွေမှာ သုံးရင်
သူ့ လုပ်ဆောင်မှုတွေ အပြည့်အ၀ မရပါဘူး
ဖင်ခေါင်းကျယ်ပြီး ဒီလို အော်ရဂျင်နယ်တွေကို
သုံးပါလို့လဲ မတိုက်တွန်းပေမဲ့ အကြံပြုရရင်
ဖုန်းဘရန်းတွေက ထုတ်တဲ့ Earbuds တွေကိုသာ
သုံးဖို့ အကြံပြုချင်ပါတယ်…