Philips HIFI Music Player
ကဲ ဒီတစ်ခေါက်တော့ Online က ရှာရှာဖွေဖွေ ဝယ်ယူထားတဲ့
Philips Music Player လေး အကြောင်း ပြောပြမယ်
ငယ်ငယ်တုန်းကလို MP3 Player လေးနဲ့ အေးဆေးငြိမ့်မယ်
Music Type အကုန်လုံးနီးပါး Support ပေးရမယ်
အရေးကြီးဆုံး ၂ ခု က Battery Life ကြာရှည်ခံပြီး
Bluetooth လဲ Support လုပ်ရမယ်ပေါ့
ဒီလိုနဲ့ လိုက်ရှာဖြစ်ရင်း ဒီကောင်လေးကို တွေ့တာပဲ
ဈေးနှုန်းကတော့ USD 150 ကျော်ပါတယ်
မြန်မာငွေ နဲ့ တွက်ရင် ၂ သိန်းကျော်ပေါ့
ကံကောင်းချင်တော့ ကျနော်ဝယ်တဲ့အချိန်က
Promotion ရက်ပိုင်းလေး ဖြစ်နေတော့ ကပ်ပြီး
ရသွားတယ် မြန်မာငွေ ၂ သိန်းအောက် နဲ့ ရလိုက်တယ်
ပုံစံလေးကတော့ အတော်လှသားဗျ
Screen Size က 1.5 inch ပဲ ရှိတယ်
သူ့အထဲမှာတော့ ဘာ Data မှ ပါလာမှာမဟုတ်ပါဘူး
SD Card Slot ထည့်ပေးထားပြီး 128GB ထိ Support ပေးပါတယ်
သီချင်းနားထောင်မယ်ဆိုရက် ဆက်တိုက် ၁၅ နာရီဆိုတော့
ခရီးသွားရင်း လာရင်း နားထောင်မယ့်သူတွေ အတွက်
အဆင်ပြေဆုံးပါပဲ
Player ရဲ့ ဒေါင့်မှာ ထည့်ပေးထားတဲ့ Rotating Knob က အလန်းဆုံးပဲ
အတော်များများ ကို သူတစ်ခုထဲ နဲ့ လုပ်ဆောင်ပေးပါတယ်
ပြောစရာရှိတာက ဒါက Touch Screen မဟုတ်ဘူးနော်
အားလုံးက Key တွေကို နှိပ်ပြီး သွားရမှာ
90kids အငွေ့အသက် အပြည့်အ၀ ရတာပါပဲ
မျက်နှာပြင် နဲ့ နောက်ကျောဘက် Body တစ်ခုလုံးကို မှန်နဲ့မက်တယ် ပေါင်းစပ်ပြုလုပ်ပေးထားပါတယ်
တောက်တောက်ပပ နဲ့ လက်လက် လက်လက် ဖြစ်နေတာပါပဲ
Android Phone တွေ နဲ့ ချိတ်ဆက်ပြီး သီချင်းတွေ ဖလှယ်ဖို့ OTG Support လဲ ရပါတယ်
Bluetooth 4.0 ထိ Support လုပ်ပါတယ် Wifi စနစ်တော့ မပါပါဘူး
Bluetooth Earphone တွေ Earbuds တွေအပြင်
Air Pods တွေနဲ့ပါ ချိတ်ဆက် နားထောင်နိုင်ပါတယ် အသံကတော့ ရူးခါနေတာပါပဲ
အရောင် ကတော့ မီးခိုးရောင် နဲ့ အပြာရောင် ဆိုပြီး ၂ မျိုး ရှိပါတယ်
ကျွန်တော်ကတော့ အပြာရောင်လေးက ပိုတောက်ပ လို့ ရွေးဝယ်လိုက်ပါတယ်
Music Support ထဲမှာ မှ Quality အကောင်းဆုံး Bit Rate 256 ထိ Support ပေးတယ်နော်
အပေါ်က ပုံထဲမှာ ဘယ် Type တွေကို Support ပေးလဲ ပါပါတယ်…
ပြီးတော့ ဒီ Music Player က Type C နဲ့ လာတာမို့ အားသွင်းတာရော
သီချင်းတွေ သွင်းတာရော မြန်မှမြန်ပဲ
MP3 Player တစ်ခုကို ဒီဘက်ခေတ် အငွေ့အသက် နည်းနည်း
လက်ကျန်ခေတ်က အငွေ့အသက် နည်းနည်း စီ ပေါင်းစပ်ထားတဲ့
ဒီ MP3 Player ကတော့ ကျွန်တော် အကြိုက်ဆုံးပါပဲဗျာ