Torrent အသုံးပြုနည်း

လူတစ်ချို့ကို မေးလိုက်ရင် Torrent က ဆွဲလိုက်လေ Torrent က ဒေါင်းလိုက်လေ

လိုက်ရှာမနေနဲ့ Torrent မှာ ရှိတယ်ဆိုလို့ လိုက်ရှာမိတယ် ဒေါင်းမယ်

အခက်အခဲတွေ တွေ့ရတော့တာပဲ…

ပုံမှန်လူတစ်ယောက်အတွက်တော့ Torrent ဆိုတာကြီးကို သဘောမကျဘူး

ဘာလို့ဆို ခုဒေါင်းလုပ်ဆွဲနေတာတွေလောက် မလွယ်ဘူး ထင်ကြလို့ပါ

အမှန်တော့ Torrent က ပိုလွယ်ကူ ရိုးရှင်းတယ်ဆိုတာ မသိကြတာပါ

Torrent Website တစ်ခုကနေ ကိုယ်လိုချင်တာဒေါင်းလို့ရဖို့ဆိုရင်

Computer

Mac

Mobile Phone

တွေမှာ ဘာတွေလိုအပ်မလဲ

အဆင့်ဆင့်သွားရအောင်

Windows & Mac Os သုံးတဲ့သူတွေကတော့

ဒီဝဘ်ဆိုက်ကနေ Download ဆွဲလို့ရပါတယ်

Free ရတာကို အရင်သုံးကြည့်ပါ အဆင်ပြေတယ်ဆို

Pro Version ကို ဝယ်သုံးပါ

https://www.utorrent.com ကနေ ဒေါင်းလုပ်ရယူပါ

Mobile ဖုန်းသုံးတဲ့သူတွေ အတွက်ကတော့

Android Device တွေ အတွက်

အောက်ပါ Link ကနေ ယူပါ

https://www.utorrent.com/mobile/

(iPhone သမားတွေကတော့ App Sote မယ်

အများကြိးရှိပါတယ် ရှာကြည့်ပါ)

Software တွေ Download ပြီးပြီ ဆိုရင် သက်ဆိုင်ရာ

Torrent Link တစ်ခု မိတ်ဆက်ပေးပါမယ်

www.rarbg.to  က ရုပ်ရှင်အစုံလင်ဆုံး ဇတ်လမ်းတွဲ အစုံလင်ဆုံး update အဖြစ်ဆုံး

Rarbg ဆိုက်ပါပဲ

သူ့ဆီက ဘာတွေ Download ဆွဲလို့ အကောင်းဆုံးလဲ ဆိုတော့

4K အဆင့်ရှိတဲ့ ရှပ်ရှင်ကားတွေ အတော်ဆုံပါတယ်

နောက်တစ်ခုကတော့ PC Game တွေ က Crack တွေ ရပြီး

အားလုံးနီးပါး Virus နဲ့ Error ကင်းလို့ ယုံကြည်ရပါတယ်

Latest Game တွေ စုံပါတယ်

ရုပ်ရှင် နဲ့ စီးရီးတွေ ဆိုလဲ Srt လို့ခေါ်တဲ့

Subtitle File တွေ တစ်ခါထဲ ပါတာများပါတယ်

မပါရင်လဲ သက်သက် ခွဲပေးထားတက်တယ်

2. https://nyaa.si/

Nyaa ကတော့ လူငယ်တွေ အကြိုက် လုံး၀ Fav ဖြစ်ပါတယ်

Japan , China , Korean နဲ့ နိုင်ငံတကာ Animation TV Series တွေ

Animated Movie တွေအပြင် Anime တွေထဲက OTS Songs တွေ

အများကြီး ဒေါင်းလို့ရပါတယ်

လုံး၀ အဟောင်းတွေထဲကဆို ရိုနင်ကန်ရှင်း တို့ ဒိုရာအဲမွန် တို့လို့

Animation Series တွေထိ ရှိတယ်

Latest တွေလဲရှိတယ် Update လဲ စုံပါတယ်

Hentai Uncensored တွေပါ ရသေးတယ်နော် 😀

3. https://thepiratebay.org/

The Pirate Bay ကတော့ Torrent ဂုရုကြီးလို့ ဆိုရမှာပဲ

သူ့မှာ Torrent  အားလုံးရဲ့ ဆုံမှတ်လို့ ပြောလို့ရတယ်

ဒေတာ မရှိဘူးဆိုတာ ရှားပါတယ်

ဒါပေမဲ့ Crack တစ်ချို့ နဲ့ Game တစ်ချို့မှာ

အပြင်းစား Virus တွေ ပါလာတက်ပါတယ်

အဲ့ဒါ တစ်ချို့တော့ အတော်သတိထားရပါမယ်

Download မယ်ဆိုရင် ကိုယ်ရှာတဲ့ အရာမရှိဘူးဆို

ဒီမှာလာရှာသင့်ပါတယ်

အကောင်းဆုံး အကြံပေးချင်တာက မဒေါင်းခင်

Software တစ်ခု Game တစ်ခု ရှိသင့်တဲ့ MB တို့ GB တို့ မရှိတဲ့ ဆိုက်ဆိုရင်

ဒေါင်းလုပ်ဆွဲဖို့ စဉ်းစားသင့်ပြီး ဆွဲခဲ့မယ်ဆိုရင်လဲ ဘာဒေတာမှ မရှိတဲ့

ဝင်းဒိုးတစ်ခုမှာ အစမ်း Run ကြည့်သင့်ပါတယ်

ကဲ အဆင်ပြေမယ့် Website တွေတော့ မိတ်ဆက်ပြီးပြီ ဒီမိတ်ဆက်ထားတဲ့ ဆိုက်တွေအပြင်

သုံးလို့ကောင်းတဲ့ အခြားဆိုက်တွေ အများကြီးပါ ဒေါင်းနည်းသိသွားပြီဆိုတော့ လွယ်ပါတယ်

နောက်ပိုင်းကိုယ့်ဘာသာရှာပြီး ဖွေပြီး ဒေါင်းလုပ်ဆွဲပေါ့ဗျာ

ကဲ အခုတော့ သက်ဆိုင်ရာ ဆိုက်တစ်ခုခုကနေ ကိုယ်ဒေါင်းချင်တဲ့ ဟာတစ်ခု

Download ချကြည့်ပါမယ်နော်

တစ်ခု မှတ်ထား၇မှာက Torrent ဆိုတာ

သင်ရယူမယ့် ကုန်ပစ္စည်းရဲ့ လက်မှတ်တစ်ခုပါ

Torrent ဖိုင်တစ်ခုက KB လောက်ပဲ ရှိပါတယ်

အဲ့ဒီ KB လောက်ပဲ ရှိတဲ့ Torrent ဖိုင်ကို Install လုပ်ထားတဲ့

Torrent App Or Software ထဲ Add ကနေ ယူပေးရပါတယ်

အဲ့ဒီအခါကျမှ တစ်ဖြေးဖြေး ဒေါင်းလုပ်ဆွဲမှာပါ

အားသာချက်ကတော့ မီးပြတ် လိုင်းကျ

ဘယ်လိုပဲ ရပ်သွားသွား မီးပြန်လာ လိုင်းပြန်တက်လာရင်

အဲ့ဒီနေရာကနေ ပြန်ဆွဲပေးတာပါ

ပြီးတော့ သင့်မှာရှိသမျှ အင်တာနက်လိုင်းရဲ့

ဆွဲအားကို ယူသုံးပေးပါတယ်

ကွန်ပြုတာနားမှာ ထိုင်စောင့်စရာမလိုပါ

သူ့အလုပ် သူလုပ်ပေးပါတယ်

ကဲ အခု ပြမှာက Utorrent နဲ့ ဒေါင်းလုပ်ဆွဲနည်းပါ

ဖုန်းမှာလဲ ဒီအတိုင်းပဲမို့ ကွန်ပြုတာ နဲ့ နည်းကို

ပုံလေးတွေနဲ့ အဆင့်လိုက် ပြပေးသွားပါမယ်

အရင်ဆုံး Torrent ဆိုက်တစ်ခုကိုသွား ကိုယ်လိုချင်တဲ့

ရုပ်ရှင်ကားကို ပုံမှာပြထားတဲ့နေရာကို ကလစ်နှိပ်ပြီး ဒေါင်းပါ

ကြေငြာတက်လာရင် Back ပြန်သွားထပ်နှိပ်ပါ

.torrent ဖိုင် မကျမချင်း နှိပ်ပါ

 Download  ရလာတဲ့ Torrent ဖိုင်ကို Save ပါ

Size က  KB လောက်ပဲ ရှိပါတယ် တစ်ခြားဟာတွေ ဘာတွေ

မှားဒေါင်းမိလား သိချင်ရင် File Name ကို ကြည့်ပါ

နောက်ဆုံးမှာ File Type က .Torrent နဲ့ ဆုံးရင် မှန်ပါတယ်

ပြီးရင် Download ထားတဲ့ Torrent ဖိုင်လေးကို ကလစ်နှိပ်ရုံပါပဲ

Utorrent က Torrent ဖိုင်မှန်း အော်တို သိလို့ Add ကနေ

သွားထည့်စရာတောင် မလိုပါဘူး

ကလစ်နှိပ်လိုက်ပါ

ခုဆို Torrent Box ပွင့်လာတာကို မြင်ရမယ်

Size မှာ ကိုယ်ဒေါင်းတဲ့ ဖိုင်ဆိုက်ကို ပြပါမယ်

ကိုယ့်ကွန်ပြုတာထဲမှာ ဆိုက်အလွတ် ဘယ်လောက်ကျန်တယ်

ဆိုတာကိုလဲ ပြပေးပါမယ်

လိုကေးရှင်းလဲ ပြောင်း Save ထားလို့ရပါတယ်

အဆင်ပြေတယ်ဆို OK နှိပ်လိုက်ပါ Download နေပါလိမ့်မယ်

ကဲ ခုဆိုရင်တော့ ဒေါင်းလုပ်နေပြီမို့ စိတ်ချလက်ချသာ တစ်ခြားအလုပ်

သွားလုပ်ချင်လုပ် အိပ်ချင်လဲ အိပ်လို့ ရပါပြီ

Finish ဖြစ်သွားရင် အစိမ်းလေး ဖြစ်ပြီး Seeding ပြနေပါလိမ့်မယ်

Seeding ဖြစ်နေရင် Select ပေးပြီး Stop လုပ်ပေးပါ

မဟုတ်ရင် တစ်ခြားသုံးနေတဲ့ အင်တာနက်လိုင်းတွေ

ကျနေပါမယ်

ကဲ အခုဆိုရင် Torrent က မခက်ဘူး လွယ်တယ်လို့

ပြောလို့ရနိုင်ပါပြီ ဘာပဲ ဖြစ်ဖြစ် ကြိုးစားကြည့်ပါ

Torrent က အလွယ်ကူဆုံးဆိုတာ တစ်ဖြေးဖြေး နားလည်လာမှာပါ

အဆင်ပြေ လွယ်ကူကြပါစေ

ဒီပိုစ်ကြောင့် ဗဟုသုတ တစ်ခုခု ရသွားရင် ကျေနပ်ပါပြီ

Donate ချင်တယ်ဆိုလဲ ဝဘ်ဆိုက်ရဲ့ ဒေါင့်မှာ

Bank Account တွေ ရဲ့ QR Code တွေ ပေးထားပါတယ်နော် 😀

Leave a Reply

Your email address will not be published. Required fields are marked *