PayPal ဆိုတာ ဘာလဲ ?
PayPal ဆိုတာ နိုင်ငံတကာမှာ Online ပေါ်က
ငွေပေးချေတဲ့ စနစ်တစ်ခုပါ
ကံမကောင်းစွာနဲ့ အဲ့ဒီနိုင်ငံတွေထဲ
မြန်မာနိုင်ငံမပါသေးပါဘူး
Online ပေါ်မှာ ငွေချေမှု လက်ခံစနစ်မှာ
Master,Visa တို့ အပြင် PayPal လက်ခံသည်လို့
ရေးထားရင် PayPal နဲ့ ငွေချေလို့ရပါတယ်
မြန်မာပြည်က ဘဏ်တစ်ချို့ ရဲ့ MasterCard & VisaCard တွေက
နိုင်ငံတကာ ဝဘ်ဆိုက်တွေမှာ လက်မခံတဲ့ အခါမျိုး ရှိတယ်
အများအားဖြင့် လွယ်ကူစေတာ PayPal ပါပဲ
မြန်မာနိုင်ငံမှာဆိုရင် PayPal User တွေ ရှိပါတယ်
ဘယ်လိုသုံးရလဲ ဆိုတော့ နိုင်ငံတကာ က မိတ်ဆွေတွေကို
အကူအညီတောင်း ဖွင့်ခိုင်းတာမျိုး
ဝန်ဆောင်မှု ပေးတဲ့ ဆီ ပိုက်ဆံပေး ဖွင့်ခိုင်းပြီး
မြန်မာပြည်မှာ ဖုန်းထဲ VPN ကျော်ပြီး သုံးရတာမျိုး ရှိပါတယ်
VPN ကျော်ပြီး သုံးရလောက်တဲ့ အထိ ဘာတွေသုံးကြလဲဆိုရင်
Facebook မှာ ကိုယ်ပိုင် Page တွေ ရှိရင် AD Run ဖို့ အတွက်
Boost မယ်ဆိုရင် Payment မှာ PayPal ထားလို့ရပါတယ်
အလွန်လွယ်ကူစွာပဲ တစ်လ တစ်လ Payment ကို အလိုအလျှောက်
ဖြတ်ပေးပါတယ် အကြွေးကျန် ရှိရင်လဲ စောင့်ဆိုင်းပေးပါတယ်
နောက်ထပ် User အချို့ကတော့ မိမိတို့ ဝဘ်ဆိုက်မှာ Download Link တွေကို
Ad ခံထားပြီး ဝဘ်ဆိုက်တွေက Earning Money ကို PayPal ကနေ
လက်ခံပါတယ် မြန်မာပြည်မှာ ထုတ်မရတဲ့ အတွက် USD ပေါက်ဈေးထက်
အနည်းငယ် လျှော့ပြီး အခြား PayPal User တွေ ဆီ ပြန်လည်ရောင်းချပေးပါတယ်
နောက်တစ်မျိုး ကတော့ Online ပေါ်က Steam Wallet Card တွေကို PayPal နဲ့
ချိတ်ဆက်ဝယ်ယူလို့ရပါတယ် ဒါ့အပြင် iTune Gift Card တွေ Google Play Store Gift Card တွေ
နဲ့ ဘာ Card နေနေ PayPal နဲ့ ဝယ်လို့ရတာ များပါတယ်
အဲ့လောက် လွယ်ကူနေတာ ဘာလို့ မြန်မာပြည်မှာ မသုံးကြလဲ မေးရင်
မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားတဲ့ အထဲ ပါနေလို့ ဖြစ်ပါမယ်
တကယ်တမ်း မြန်မာပြည်မှာသာ သုံးလို့ရခဲ့ရင် အတော်ကောင်းပါမယ်
ခုတော့ ခိုးသုံးနေရတဲ့ အနေထားလို ဖြစ်နေတာပါပဲ
နောက်တစ်ချက်က Lock ကျနိုင်တဲ့ ပြသနာပါ
PayPal မှာ စည်းကမ်းချက်တွေ များပါတယ်
ငွေအဝင် အထွက် နည်းစနစ်တွေ သေချာလေ့လာပြီးမှ
သုံးသင့်ပါတယ် တစ်ချို့ဆို USD 10,00 ကျော်လောက်
ရှိနေပြီး ထုတ်မရတော့တဲ့ ပြသနာတွေ ရှိနေဆဲပါပဲ
နိုင်ငံခြားက လူတွေဆီ အကူအညီတောင်းပြီး ထုတ်လို့တော့ရပါတယ်
ဘာပဲ ဖြစ်ဖြစ် PayPal နဲ့ ပတ်သက်ပြီး သိချင်တာ ရှိရင်
အောက်က Comment မှာ မေးခဲ့နိုင်ပါတယ်…
PayPal Account ကို ငွေကြေး ဝန်ဆောင်မှု ယူပြီး
ဖွင့်ပေးနေပါတယ်
PayPal အကြောင်း သိချင်တယ်ဆိုလို့ ကျနော်သိသလောက်လေး
ရေးပေးလိုက်ပါတယ်
အဆင်ပြေကြပါစေ…