Facebook မှ Post များ (၁)

 

ငယ်ငယ်တုန်းက အဖေနဲ့ ကျွန်တော် ခဏခဏ စကားများတဲ့ ကိစ္စတစ်ခုရှိခဲ့ဖူးတယ်…

ဘာလဲဆိုတော့ ရုံးခန်းပေါ့…

အဖေက သူအလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ရုံးခန်းမရှိဘူး…

မနက် ၉ နာရီဆိုရင် ရန်ကင်းက တိုက်ခန်းမှာ သူ့တပည့်တွေအားလုံးနဲ့ ဆုံတယ်…

သူ့တပည့်တွေအားလုံးပေါင်းမှ ၅ ယောက် ၆ ယောက်ပဲ… အဲ့ဒီ့ထက် တစ်ခါမှ မပိုခဲ့ဘူး….

ဘယ်သူက ဘဏ်သွား… ဘယ်သူက သစ်တောရုံးသွား… ဘယ်သူက သစ်လုပ်ငန်းသွား… ဘယ်သူက ဆိပ်ကမ်း… ဘယ်သူက ဘယ်နေ့ နယ်မှာ သစ်သွားရွေးရမယ်… စသဖြင့် တာဝန် ဝေခြမ်းပေးလိုက်တယ်…

ကားလိုမယ့်သူကို ကားထည့်ပေးလိုက်တယ်…

အားလုံးကို CDMA (ခြင်းဖုန်း) တစ်လုံးစီထည့်ပေးလိုက်တယ်…

သူ့တပည့်တွေကလည်း အဲ့ဒီ့ ခြင်းဖုန်းကို သေမလောက်ကြောက်တယ်…

ပြေးလို့မရဘူးလေ… လည်ပင်း ကြိုးကွင်းစွပ်ပေးလိုက်တာ… (ဟုတ်တယ်မလား မ Moe )

သူကိုယ်တိုင်လည်း သွားစရာရှိတဲ့နေရာကိုသွားတယ်…

တစ်ခါတစ်လေ Driver နဲ့သွားတယ်…

အလုပ်များလို့ လူလိုတဲ့နေ့ဆို အဲ့ဒီ့ Driver (Driver ဆိုပေမယ့် အဖေအားကိုးရတဲ့ Manager လိုပါပဲ) ကိုပါ အလုပ်တာဝန်တစ်ခု သီးသန့်ပေးလိုက်ပြီးတော့ သူ့ဘာသာသူ ကားမောင်းသွားတယ်…

သူ့ရုံးခန်းက သူ့ကားပဲ…

သူ့ကားနောက်ခန်းမှာ လိုအပ်တဲ့ စာရွက်စာတမ်းကအစ… နေရာအမျိုးမျိုး အခြေအနေအမျိုးမျိုးအတွက် အဝတ်အစား အမျိုးမျိုး (မြန်မာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ၊ ဘောင်းဘီတို) အကုန်ထည့်ထားတယ်…

ကျွန်တော်ကအဲ့ဒီ့တုန်းက ရှိလှ ၅ တန်း ၆ တန်းပေါ့…

မြန်မာကားတွေထဲမှာဆို ဒီလိုလုပ်ငန်းရှင်ကြီးတွေဆိုတာ ….

မနက်ဆို…

Driver မောင်းတဲ့ကားကို နောက်ခန်းက မိန့်မိန့်ကြီးစီးပြီးရုံးလာ…

ရုံးရောက်ရင် တံခါးဖွင့်ပေးတဲ့သူနဲ့…. အိတ်ပြေးသယ်ပေးမယ့်သူနဲ့…

အနောက်တိုင်းဝတ်စုံကြီးတွေ ကျကျနနဝတ်…

အတာချီကေ့ကြီးဆွဲပြီး ရုံးခန်းထဲဝင်… စုံလည်ထိုင်ခုံကြီးမှာ မိန့်မိန့်ကြီးထိုင်…

ရုံးမှာ ဝန်ထမ်းတွေကလည်း ကိုယ့်စားပွဲနဲ့ ကိုယ် ကိုယ့်ကွန်ပျူတာနဲ့ကိုယ်…

ဒီလိုမြင်နေကြဆိုတော့..

အဖေ့ကို အမြဲအပြစ်တင်တယ်… အဖေရာ Smart ကျကျနေစမ်းပါ… ဒီလိုကြီးနေတာ ရှက်စရာ ကောင်းပါတယ် ဘာညာပေါ့…

အတုမြင် အတတ်သင် မြန်မာကားတွေရဲ့ လွှမ်းမိုးမှုခံရတဲ့ အချိန်ပေါ့…

အဖေကတော့ ဘာမှမပြောပါဘူး ခပ်ပြုံးပြုံးပါပဲ…

သူက တစ်ခုတော့ အမြဲပြောတယ်… ငါ့ကားက ငါ့ရုံးခန်းပဲ… ကြိုက်တဲ့နေရာသွား… ကြိုက်တဲ့ စာရွက်စာတမ်းလို… ငါနဲ့မကွာအမြဲပါတယ်တဲ့…

မိဘဆိုတော့လည်း ပြန်မပြောသာတော့ ဒီလိုပဲ နေလာခဲ့လိုက်တယ်…

အခုကိုယ်တိုင် အလုပ်လုပ်ရတဲ့ အခါမှာတော့ သူဘာလို့ ရုံးခန်း မထားခဲ့လဲ ဆိုတာကို ကောင်းကောင်း နားလည် သဘောပေါက်လာတယ်…

ကိန်းကြီးခနန်းကြီးနိုင်ဖို့ထက်…

လုပ်ငန်းလည်ပါတ်ဖို့…

လုပ်ငန်းထိရောက်ဖို့က ပိုအရေးကြီးကြောင်းနားလည်လာတယ်…

ရုံးခန်းငှားရင် ရုံးခန်းငှားခတွေ တက်မယ်… မီတာခတွေ… ရေခတွေ… အခြားဗာဟီရတွေတက်မယ်…

ဝန်ထမ်းတွေ များရင် ဝန်ထမ်းစားရိတ်တွေ ထောင်းမယ်… စီးပွားရေးအဆင်ပြေဖို့ ပူရတာ တစ်ဘက်… ဝန်ထမ်းတွေအတွက် လစာဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရတာ တစ်ဘက်နဲ့ ပိုရုန်းရမယ်…

အဲ့လိုတွေ အပိုကုန်စရာများလာရင်.. ကိုယ်ရမယ့် အမြတ်ထဲက ပဲ့ပါမယ်…

အမြတ်ထဲက ပဲ့ပါရင် မိသားစုအထိနာမယ်…

လုံးဝကြီး ဒီလိုရုံးခန်းတွေ၊ ဝန်ထမ်းတွေ မလိုဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး…

လုပ်ငန်းအကြီးကြီးတွေ လုပ်ရင်တော့ လိုတာပေါ့….

ခန်းညားတဲ့ ရုံးခန်းတွေ… များပြားတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းလည်ပါတ်ဖို့ရော… အဟန့်အနေနဲ့ရော မဖြစ်မနေပေါ့…

ဒါပေမယ့် ကိုယ့်လုပ်ငန်းလေးကဖြင့် ခပ်သေးသေး… အလုပ်ထက် ဟန်ကိုယ်ဖို့ ပိုများတယ်ဆိုရင် တော့ဖြင့်… ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မှာပါ…

ဒီသဘောတရားတွေဟာ ဒီဘက်ခေတ်မှာ ပိုအားကောင်းလာတယ်…

အရင်က ဈေးရောင်းရင် ဆိုင်ဖွင့်ရတယ်…

အခု Online တွေက ရောင်းကြတယ်… ထိရောက်မှုခြင်းလည်း ကွာသလို… ကုန်ကျစားရိတ်လည်း အများကြီးကွာသွားတယ်…

ဆိုကြပါစို့ အရင် နာမည်ကြီး လှည်းတန်းက Go Show မှာ အင်္ကျီတစ်ထည် ဝယ်ချင်ရင်… Go Show ကို သွားရမယ်…

နယ်ကလူတွေဆို ရန်ကုန်ကို လူကြုံမှာရမယ်… ဒါမှမဟုတ် ရန်ကုန်ရောက်မှ ဝယ်ရမယ်…

ဘာပစ္စည်းတွေရှိလဲ သိချင်ရင်လည်း သိခွင့်မရ…

အခု Online Shopping တွေ ပေါ်လာတော့ တစ်နိုင်ငံလုံး ကြိုက်တဲ့နေရာက ကြိုက်သလို ရွေးချယ် ဝယ်ယူနိုင်တယ်…

ရောင်းတဲ့သူဘက်ကလည်း အိမ်မှာထိုင်ပြီး ရောင်းနေရုံပဲ… ဆိုင်ခန်းငှားခလည်း မကုန်ဘူး… ဝန်ထမ်းခလည်း မကုန်ဘူး…

အများဆုံးကုန်လှ Delivery လုပ်ပေးတဲ့သူခနဲ့…. ပစ္စည်းလွှဲခပေါ့…

ပြောင်းလဲလာတဲ့ ခေတ်…. စနစ်နဲ့အညီ လိုက်လျောညီထွေစွာ ကျင့်ကြံသင့်တယ်ဆိုတာလေးကို ပြောချင်တာပါ….

သံသရာ တစ်ပါတ်လည်တယ်ပဲ ဆိုဆို…

အခုဆို ဘယ်သွားသွား ကျွန်တော့် အလုပ်အိတ်ပါတယ်…

အိတ်ထဲမှာ Laptop, Charger, Hard Disk (အစုံ), Tablet, စာရွက်စာတမ်း အကုန်ထည့်ထားတယ်… လေးတာမှ နင့်နေတာပဲ…

လေးတယ်…. ဒါမှမဟုတ် ရှုပ်တယ်ဆိုပြီး တစ်ခုခု ချန်ထားခဲ့ဖို့ မစဉ်းစားလေနဲ့…

ချန်ထားခဲ့တဲ့နေ့ဟာ အဲ့ဒီ့ချန်ထားခဲ့တဲ့ ပစ္စည်း သေချာပေါက်လိုတဲ့နေ့ပဲ…

ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာတွေ့ …

အလုပ်စကားပြောလို့ရတယ်… Presentation လုပ်လို့ရတယ်…

တစ်ခါထဲ Deal အပြတ်ဖြတ်လို့ရတယ်…

ကိုယ်ပိုင်ကားမရှိလို့…

အဖေ့လို ငါ့ကားက ငါ့ရုံးခန်းလို့မပြောနိုင်သေးပေမယ့်…

သေချာတာတစ်ခုကတော့…

ငါ့လက်ဆွဲအိတ်ဟာ ငါ့ရုံးခန်းလို့ အကြောင်းတိုက်ဆိုင်လို့ တွေ့တဲ့သူတိုင်းကို ကျွန်တော် ပြောဖြစ်တတ်ခဲ့ပြီလေ…

Post By :  Pyiet Oo Aung

SM entertainment ရဲ့ အနုပညာသတင်း

နောက်ဆုံးရ သတင်းလေးတစ်ပုဒ်ကို ဖော်ပြပါရစေ။
SM entertainment ဟာ တောင်ကိုရီးယားနိုင်ငံရဲ့  ထိပ်တန်း ဖျော်ဖြေရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆယ်ကျော်သက်လူငယ်မျာအကြား ရေပန်းစားတဲ့ EXO, NCT, Girl Generation, Super Junior, Shinee, f(x), Red Velvet အစရှိတဲ့ ကမ္ဘာကျော် တေးဂီတအဖွဲ့တွေကို မွေးထုတ်ပေးခဲ့ ပေးလျှက်ရှိနေတယ်ဆိုတာ အားလုံး သိပြီးကြပြီဖြစ်ပါသည်။

SM entertainment မှ အနုပညာရှင်များရဲ့ အတွင်းရေး အပြင်ရေး ကိစ္စမှ အစ လှုပ်ရှားမှုတစ်ခုတိုင်းစီကို စက္ကန်မလပ် အသေးစိတ်စောင့်ကြည့်နေသူများလည်းရှိနေပါသည်။ သတင်းချည်းသက်သက် စောင့်မျှော်နေသူများသာမက ကောလဟာလွှင့်ချင်သူများကပါ အချိန်ပြည့် နားစွင့်ခံနေရသော entertainment တစ်ခုလည်းဖြစ်ပါသည်။
ယခင်က အနုပညာရှင်တစ်ချို့  တွဲခုတ်နေသော သတင်းတစ်ချို့ထွက်ပေါ်ခဲ့ပြီး ယခုအခါ ထင်ကြေးပေးနေကြသော သတင်းသဲ့သဲ့ကြားရသမျှ အငမ်းမရလိုက်လံ ဖမ်းယူအသံလွှင့်ချင်နေသူများကိုလည်း တွေ့နေရပါသည်။ ထိုအနုပညာရှင်များ၏ ကမ္ဘာလှည့်ဖျော်ဖြေမှုများ၊ လှုပ်ရှားမှုများကို တွေ့ချင်မြင်ချင်ကြသော ပရိတ်သတ် အင်အားမှာလည်း မနည်းလှချေ။

သို့သော် ယခုနောက်ဆုံးရသတင်းတွင် SM entertainment သည် အဖွဲ့အစည်းလက်အောက်ရှိ အနုပညာရှင်များ၊ ၀န်ထမ်းများနှင့် အတူ ဂျယ်ဂျူကျွန်းသို့ workshop တစ်ခုအနေနှင့် သွားခဲ့ပါသည်။ workshop ဟုဆိုသော်လည်း တစ်နှစ်တာပတ်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ကြသော အနုပညာရှင်များနှင့် ၀န်ထမ်းများကို အပျော်ခရီးပေးထွက်သည့် သဘောပင်ဖြစ်သည်။
ယခင်နှစ်ကလည်း ဟာဝိုင်အီသို့ ခရီးထွက်ခဲ့ကြပြီး အဖွဲ့သားအားလုံးအတွက် ဟိုတယ်တစ်ခုလုံးငှားပေးခဲ့သည်ဆိုသော် သတင်းများထွက်လာခဲ့သည်။ ယခုအခါလည်း ယခင်နှစ်ကဲ့သို့ အပန်းဖြေခရီးထွက်ကြခြင်းပင်။

Ad By Noon VR Myanmar

ရေကူး၊ ရေလွှာလျှောစီး နှင့် အခြားသော ပျော်ရွှင်ဖွယ်ရာဂိမ်းများကို company ရှိ အနုပညာရှင်များ ၀န်ထမ်းများ စိတ်ကြိုက်ဆော့ကာ အပမ်းဖြေ အနားယူစေရန်အတွက် စီစဉ်ပေးခဲ့ကြပါသည်။

ယခုနှစ်တွင် company မှ လူများအားလုံးပျော်ပါးနိုင်ရန် ကိုရီးယားနိုင်ငံအတွင်းမှ အထင်ကရ နေရာဖြစ်သည့် ဂျယ်ဂျူကျွန်းကို ရွေးခဲ့ကြဟန်တူသည်။ ဇွန်လ ၁၄ ရက်မှထုတ်ပြန်ထားသော သတင်းများအရ အနုပညာရှင်များ အပါအ၀င် ၀န်ထမ်းပေါင်း ၉၀၀ ကျော်အတွက် ပျော်ပွဲရွှင်ပွဲများ စီစဉ်ပေးခဲ့ကြသည်ဟု သိရပါသည်။

အမှန်တကယ် SM entertainment ၏ရည်ရွယ်ချက်မှာ ဒေသတွင်း ခရီးသွားလုပ်ငန်းတိုးတက်စေရန်၊ နိုင်ငံခြားမှ ခရီးသွားများတိုးတက်လာစေရန်နှင့် ဂျယ်ဂျူကျွန်း၏အလှတရာများကို လူများပိုမိုသိလာစေရန်အတွက် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ယခုတစ်ခေါက်တွင် NCT, EXO, SNSD, Red Velvet နှင့် တခြား အဖွဲ့များ company ၀န်ထမ်းများ၊ သရုပ်ဆောင်များ၊ မော်ဒယ်များကိုပါ အနားယူလိုက်ပါခွင့်ပေးခဲ့ပါသည်။
ပရိတ်သတ်များကလည်း ရုတ်ရုတ်သဲသဲနှင့် ကိုယ့် idol သူ့ idol အပြိုင်အဆိုင် ဓါတ်ပုံရိုက်ကြလွန်းသဖြင့် အနုပညာရှင်များမှာမလွတ်မလပ်သဖြင့် ဓါတ်ပုံမရိုက်ကြရန် တောင်းဆိုယူရသည်အထိပင်ဖြစ်ခဲ့ပါသည်။

EXO မှ Baek Hyun ဆိုလျှင် fan တွေအား “ကိုယ် ဒီကို အပန်းဖြေဖို့အတွက်လာခဲ့တာပါ. ကြည့်လို့လဲမကောင်းနေပါဘူး..ပြီးတော့ မင်းတို့လေးတွေ ဒီလိုပုံတွေရိုက်နေတာ မဟုတ်သေးဘူးထင်တယ်.. မင်းတို့လေးတွေ ချစ်ကြလို့ ဒီလိုလုပ်မှန်းသိပါတယ် ဒါပေမယ့် ဒီအတိုင်ေးလးပဲ ထားထားပေးပါလား” ဟု Instagram post တွင် comment ရေးသားပြီး တောင်းဆိုခဲ့ရပါသည်။

တခြားလိုက်ပါကြသူ အနုပညာရှင်များကလည်း social media များတွင် fan များ အပျော်ကူးစက်စေရန် ပုံများဝေမျှခဲ့ကြပါသည်။

ကဲ .. စာဖတ်နေတဲ့ ပရိတ်သတ်ကြီးရော အခုလို ပျော်စရာကောင်းသည့် ခရီးမှာ ပါဝင်ဆင်နွှဲချင်စိတ်ဖြစ်မယ်လို့ ထင်မြင်မိပါတယ်နော်။

အောက်မှာ အနုပညာရှင်တွေ ဝေမျှခဲ့တဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်.. အားလုံး ပုံလေးတွေကြည့်ရင်း ကိုယ်ချစ်တဲ့ အနုပညာရှင်နဲ့တူတူ လိုက်ပါစီးမြောခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Post By : Chan Myat Noe

ဒါကတော့ EXO က xiumin နဲ့ NCT က Mark ပါ
ဒါကတော့ Girl Generation အဖွဲ့မှ Yoona ရဲ့ IG မှာတင်ထားတဲ့ပုံလေးပါ .. acc name လေးတွေလဲပါလို့ မသိသေးတဲ့သူများ အမြန်ပြေးလို့ follow လုပ်လိုက်ကြရအောင်လား .
ရယ်စရာလဲကောင်း ပျော်စရာလဲ ကောင်းမှာ အသေအချာပဲနော် .. လူတွေလည်း အများကြီးပဲ
ဒါကတော့ အုပ်စုလိုက်ကြီး ရိုက်ထားတဲ့ပုံလေးပါ
ဒါကတော့ EXO က xiumin နဲ့ NCT က Mark ပါ
ဒါကတော့ Baek hyun ကနေ ဓာတ်ပုံတွေမရိုက်ကြတော့ဖို့ တောင်းဆိုထားတာလေးပါ ..

E.X.O အဖွဲ့ဝင်တစ်ဦးဖြစ်သူ D.O. ရဲ့ History and career life (as an actor )

အခုမိတ်ဆက်ပေးချင်တဲ့သူကတော့ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ D.O. ပဲဖြစ်ပါတယ်။

Stage Name – D.O. (디오)

Birth Name – Do Kyung Soo (디경수)

Birthday – January 12, 1993

Height – 173 cm

Blood type – A

Favourite colour – black

Position – Main Volcalist

-D.O. ကို တောင်ကိုရီးယားနိုင်ငံ Goyang မှာမွေးဖွားခဲ့ပါတယ်။
-D.O. သည် မူလတန်းကို Goyang Poongsan မူလတန်းကျောင်းမှအောင်မြင်ခဲ့ပြီး အလယ်တန်းကို Baekshin အလယ်တန်းကျောင်းနှင့် အထက်​တန်းကို Baekseok အထက်​တန်းကျောင်းမှအောင်မြင်ခဲ့ပါတယ်။

– သူ့မှာ Do Seungsoo လို့ခေါ်တဲ့ သုံးနှစ်ကြီးတဲ့အကိုတစ်ယောက်ရှိပါတယ်။
– D.O. ဟာ ဂီတကိုမူလတန်းကတည်းကဝါသနာပါခဲ့ပြီး သူအထက်တန်းတက်နေတဲ့အချိန်မှာ ဒေသတွင်းအဆိုပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီး S.M. Entertainment ကကျင်းပတဲ့ audition မှာဝင်ရောက်ယှဉ်ပြိုင်ဖို့ အကြံပေးခြင်းခံခဲ့ရပါတယ်။
– D.O. ဟာ2010 ခုနှစ် S.M. audition မှာ Na Yoon Kwon ရဲ့ Anticipation ဆိုတဲ့သီချင်းနဲ့ Brown Eyed Soul ရဲ့ My Story ဆိုတဲ့သီချင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။အဲ့ဒီ audition မှာရွေးချယ်ခြင်းခံခဲ့ရပြီး S.M. ရဲ့သင်တန်းသားဖြစ်လာခဲ့ပါတယ် ။ ရွေးချယ်ခံရတဲ့အချိန်မှာ သူကအထက်တန်းပြီးဖို့ နှစ်နှစ်ကျန်ပါသေးတယ်။
– D.O. က အရမ်းအေးတဲ့သူပါ။ S.M. လို entertainment ကြီးက audition အောင်မြင်ခဲ့တာတောင်မှ သူ့သူငယ်ချင်းတွေကိုအသိမပေးခဲ့ပါဘူး
( ကိုယ်သာဆို တိုင်းသိပြည်သိပတ်ကြွားမှာ :3 )

-Training ကာလ နှစ်နှစ်ကြာအပြီးမှာ D.O. ကို EXO အဖွဲ့ရဲ့ ရှစ်ယောက်မြောက်အဖွဲ့ဝင်အဖြစ်နဲ့ January 30, 2012 မှာ debut လုပ်ခဲ့ပါတယ်။

– D.O. ဟာ EXO အဖွဲ့ရဲ့ main vocalist တစ်ယောက်ဖြစ်ပါတယ်။ EXO အဖွဲ့ကို 2013 ခုနှစ် April 8 ရက်နေ့မှာ MAMA ဆိုတဲ့ သီချင်းနဲ့ offical debut ပေးခဲ့ပါတယ်။
– သူ့ရဲ့ power (EXO characteristic supernatural power ) ကတော့ Earth ဖြစ်ပါတယ်။ D.O. ကအရမ်းအသန့်ကြိုက်တဲ့သူဖြစ်ပါတယ်။
😂
အခန်းဖော်တွေညစ်ပတ်နေရင်လည်း အမြဲပွစိပွစိပြောတတ်ပြီး Member တွေကို တစ်ခါတလေမှာ ဟင်းချက်ကျွေးတတ်လို့ သူ့ကိုအမေလို့လည်း စပြီးခေါ်ကြပါတယ်။
-D.O. ဟာ အဆိုပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းတွင်ပါထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။
-2012 ခုနှစ်မှာ SBS ကရုပ်သံကရိုက်ကူးတဲ့ To the beautiful you ဆိုတဲ့ TV series စတင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

-2014 ခုနှစ် စက်​တင်​ဘာလမှာ Cart ဆိုတဲ့ဇာတ်ကားမှာ အရန်အဖြစ်နဲ့စတင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာ EXO အဖွဲ့က D.O. ဆိုတဲ့ဂုဏ်ပုဒ်နဲ့မဟုတ်ဘဲ သူရဲ့နာမည်ရင်းဖြစ်တဲ့ Do Kyungsoo ဆိုတဲ့နာမည်ကိုသုံးပြီး သရုပ်ဆောင်ဘဝကိုလျှောက်လှမ်းခဲ့ပါတယ်။

– Cart ဇာတ်ကားပြီးတဲ့နောက်မှာ သူဟာ It’s OK, That’s love ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး 51 ကြိမ်မြောက် Baeksang Arts Award ဆုပေးပွဲမှာ the Best New Artist and Popularity award အတွက် လျာထားခြင်းခံခဲ့ရပါတယ်။2014 ခုနှစ်ရဲ့ idol- actors အယောက်လေးဆယ်ထဲမှာ D.O. က No.1 နေရာရခဲ့ပါတယ်။

– 2015, June မှာတော့ D.O. ဟာ KBS ရုပ်သံကရိုက်ကူးတဲ့ Hello Monster ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေနဲ့ သတင်းမီဒီယာတွေရဲ့ချီးကျူးခြင်းကိုခံခဲ့ရပါတယ်။November 2015 မှာ အဲ့ဒီကားနဲ့ပဲ 52nd Grand Bell Awards မှာ Best Supporting Actor Award အဖြစ် လျာထားခြင်းခံခဲ့ရပါတယ်။

-EXOL အားလုံးသိကြတဲ့ EXO Next Door ဆိုတဲ့ TV series မှာလည်း 2015 ခုနှစ်မှာ EXO members တွေနဲ့အတူ lead role ကနေပါဝင်သရုပ်ဆောင်ထားပါတယ်။
– 2016 , February မှာ မင်းသမီး Kim So Hyun နဲ့တွဲပြီး Pure Love ဆိုတဲ့ဇာတ်ကားမှာပါဝင်ခဲ့ပါတယ်။

-2016, October 31 ရက်နေ့မှာစတင်ပြသတဲ့ Be Positive ဆိုတဲ့ Web Drama တစ်ခုမှာ မင်းသမီး Chae Seo Jin နဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ web drama series ကို Samsung ကနေရိုက်ကူးတာဖြစ်ပြီး ကြည့်ရှုနှုန်းအများဆုံး web drama အဖြစ်နဲ့စံချိန်တင်ခဲ့ပါတယ်။

-2016, November မှာ မင်းသားကြီး Jo Jung Suk ၊ မင်းသမီး Park Shin Hey တို့နှင့်အတူ My Annoying Brother ဆိုတဲ့ဇာတ်ကားမှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားအတွက် နောက်ခံသီချင်းဖြစ်တဲ့ Don’t Worry ဆိုတဲ့သီချင်းကိုလည်း Jo Jung Suk နဲ့အတူတွဲပြီးသီဆိုခဲ့ပါတယ်။

-D.O. က The Underdog ဆိုတဲ့ animation ကာတွန်းကားမှာလည်း အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်။

-သရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်ပြီး 2014 ခုနှစ်မှာ 16th Seoul International Youth Flim Festival မှာ It’s OK, That’s Love ဇာတ်ကားနဲ့ Best Yong Actor ဆုရခဲ့ပါတယ်။3rd APAN Star Awards ဆု​ပေးပွဲမှာ It’s OK, That’s Love ဇာတ်ကားနဲ့ပဲ Best New Actor ဆုရခဲ့ပါတယ်။

– 2016 မှာ Max Movie Best Films Awards ဆု​ပေးပွဲမှာ Rising Star ဆုကိုရခဲ့ပြီး 52nd Baeksang Arts Awards ဆု​ပေးပွဲမှာ Pure Love ဇာတ်ကားနဲ့ Most Popular Actor ဆုကိုရခဲ့ပါတယ်။

-အခု 2017 မှာလည်း My Annoying Brother ဇာတ်ကားနဲ့ 53rd Baeksang Arts Award မှာ Most Popular Actor ဆုကိုရခဲ့ပါတယ်။

-ဒီနှစ်ထဲမှာပြသမယ့် Room No.7 ဆိုတဲဇာတ်ကားမှာလည်း Shin Ha Kyun နဲ့အတူ lead actor အဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။

-2017, May 8 ရက်နေ့က Swing Kids ဆိုတဲ့ဇာတ်ကားမှာ D.O. က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်မယ်လို့ S.M. Entertainment က ကြေငြာခဲ့ပါတယ်။အဲ့ဒီဇာတ်ကားမှာ သူကမြောက်ကိုရီးယားစစ်သား Ro Ki Soo ဆိုတဲ့ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ရမှာပါ ။ စစ်သားပုံစံနဲ့သူ့ကိုမြင်ယောင်ကြည့်ပြီး Op တော့ ရင်ခုန်နေပါပြီ
😁
😁
သူ့ကို nominated လုပ်ခြင်းခံထားရတဲ့ award တွေလည်းရှိပါသေးတယ်။ D.O. ဟာဆိုရင် သူနဲ့အတူတွဲပြီးအလုပ်လုပ်ခဲ့သူတိုင်းရဲ့ ချီးကျူးခြင်းကိုအမြဲခံရတဲ့သူပါ။
❤
သူနဲ့အတူတွဲပြီးအလုပ်လုပ်တဲ့သူတိုင်းက သူ့ကိုနွေးထွေးဖော်ရွေပြီး အလုပ်ကြိုးစားတဲ့သူတစ်ယောက်အဖြစ်အသိအမှတ်ပြုကြပါတယ်။ အေးအေးဆေးဆေးနေတတ်ပြီး အလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ။ အနုပညာလောကထဲကိုဝင်လာတာ ငါးနှစ်ကျော်ပဲရှိသေးပေမယ့် အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါအောင်မြင်နေတဲ့ ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။
❤
ဒါကတော့ To the beautiful you ဇာတ်လမ်းတွဲက poster ပါ
ဒါကတော့ EXO Next Door ဇာတ်လမ်းတွဲက poster ပါ ❤
ဒါကတော့ Cart ဇာတ်ကားရဲ့ poster လေးပါ
ဒီပုံလေးတွေကတော့ Hello Monster ဇာတ်ကားမှာ သူပါဝင်ထားတဲ့ဇာတ်ဝင်ခန်းကပုံလေးတွေပါ
ဒါကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Hello monster ဇာတ်လမ်းတွဲရဲ့ poster ပါ
ဒါကတော့ My Annoying brother ဇာတ်ကားက poster လေးပါ
ဒါကတော့ သူ supporting role ကနေ သရုပ်ဆောင်ထားတဲ့ It’s OK ,That’s love ဇာတ်ကားရဲ့ poster လေးပါ
ဒါကတော့ သူ lead actor အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Pure Love ဇာတ်ကားရဲ့ poster လေးပါ
Post By : EinGyin Phyu

A Blind Girl and Her Love (မြန်မာပြန်)

မျက်မမြင်မိန်းကလေးတစ်ယောက်ဟာ မျက်မမြင်ဘဝဖြစ်လာရတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေမိသလို အခြားသူတွေကိုလည်း မုန်းနေခဲ့တယ်.. သူ့ချစ်သူ ကောင်လေးတော့ သူမုန်းတဲ့ထဲမှာ မပါဘူးပေါ့..
ကောင်လေးဟာ မျက်မမြင်ကောင်မလေးဆီ နေ့တိုင်းလာပြီး အားပေးစကားတွေပြော၊ ဝေယျာဝိစ္စလေးတွေလုပ် နဲ့ ကောင်မလေးနဲ့ ကောင်လေးချစ်သူဘဝဟာ သာယာကြည်နူးစရာအပြည့်နဲ့..
” မေ…”
” ဟင်.. မောင်.. ပြောလေ.. ”
” မောင်လေ… မေနဲ့ လက်ထပ်ပြီး. မေ ဘာဖြစ်ချင်ဖြစ်ချင်.. ဖြစ်ချင်တာ အကုန်လုံး ပြည့်စုံအောင် လုပ်ပေးမယ်.. မေ ဘာဖြစ်ချင်လဲပြောလေ.. ”
” မေ့ကို လက်မထပ်ချင်ပါနဲ့ မောင်ရယ်… မေက မျက်စိလည်း မမြင်ဘူး.. မောင့်ကိုတော့ အသည်းနစ်အောင်ချစ်ပါတယ်.. ဒါပေမယ့် မျက်မမြင်မလေး တစ်ယောက်ကို မောင် လက်မထပ်စေချင်ဘူး ”
” သြော်.. မေရယ်.. မေသာ လက်ထပ်မယ်ဆို မောင် ဘာပဲဖြစ်နေ ဖြစ်နေ အကုန် စိတ်တိုင်းကျဖြစ်စေရမယ်. နှော်.. လက်ထပ်ပါရစေ ချစ်လေးရယ် ”
” အင်း.. အဲဒါဆို.. မေလေ.. ကမ္ဘာကြီးကို မေ့မျက်စိနဲ့ တပ်အပ်မြင်ရတဲ့နေ့ကျရင် မောင့်ကို ချက်ချင်း လက်ထပ်မယ်သိလား ”
အဲလိုနဲ့ ကောင်လေးနဲ့ မျက်မမြင်မိန်းကလေးတို့ ကြည်နူးစရာ ချစ်စကားဆိုကြပြီး ၄/၅ ရက်လောက် မျက်မမြင်မိန်းကလေးဆီ ရောက်မလာတော့ဘူး…
မျက်မမြင်မိန်းကလေးကတော့ ” သြော်.. ယောင်္ကျားတွေများ ရက်စက်လိုက်တာ.. မျက်မမြင်မိန်းကလေးတစ်ယောက် ဘယ်တော့မှ မျက်စိမြင်လာစရာလည်းမရှိတော့ဘူး၊ မျက်စိမမြင်ရင် သူ့ကို လက်မထပ်ဘူး ဆိုတာလဲသိရော.. ပေါ်ကို မလာတော့ဘူး.. ရက်စက်လိုက်တာ မောင်ရယ်.. မေက မောင့်ကို အသည်းနစ်အောင်ချစ်တာပါ.. မေသာ မျက်စိမြင်ရပြီး မောင်သာ မျက်မမြင်ဖြစ်နေလည်း မေကတော့ ချစ်နေမှာပါ.. ” ဆိုပြီး ကြေကွဲနေရှာတယ်..
” ဒေါက်ဒေါက်ဒေါက်…. ” တံခါးခေါက်သံ.. ဘယ်သူများပါလိမ့်..
” ဘယ်သူလဲရှင့် ” မျက်မမြင်ကောင်မလေးဟာ ဟိုစမ်းဒီစမ်းနဲ့ တံခါးသွားဖွင့်လိုက်တယ်..
” ကျွန်တော်တို့ မျက်စိအထူးကု ဆေးရုံကပါ.. မိန်းကလေးကို မျက်စိအလှူရှင်ပေါ်လာလို့ လာခေါ်တာပါ ”
” ဟုတ်လား.. ဝမ်းသာလိုက်တာရှင်.. ကျွန်မ မျက်စိမြင်တော့မှာပေါ့နှော်.. မောင်ရေ… မေသာ မျက်စိမြင်ရလို့ကတော့ မောင့်ကို မတွေ့တွေ့အောင်ရှာပြီး ချက်ချင်းလက်ထပ်ပါမယ်… ”
ဒီလိုနဲ့ မျက်စိအထူးကုဆေးရုံမှာ မိန်းကလေးကို မျက်စိအစားထိုးကုသပြီး ပတ်တီးဖြည်တဲ့နေ့…
ဆရာဝန်က ” ပတ်တီးဖြည်မယ်နှော်.. မိန်းကလေး မျက်စိ ပြန်ကောင်းလာရင် ပထမဆုံး ဘာလုပ်မှာလဲ… ”
” ကျွန်မလေ.. ကျွန်မ ချစ်သူဆီ ချက်ချင်းသွားပြီး လက်ထပ်မယ်.. ဇနီးမောင်နှံနှစ်ယောက် မိဘတွေကို လိုက်ကန်တော့မယ်.. ”
” ကောင်းလိုက်တဲ့အစီအစဉ်ဗျာ.. ကဲ.. ဖြည်ပြီ…” ဆိုပြီး ပတ်တီးဖြည်လိုက်ပါတယ်.. မိန်းကလေးဟာ အံ့သြမှုတွေနဲ့ အပြည့်ပေါ့.. မျက်စိပြန်မြင်ရပြီ.. ဆရာဝန်တွေ၊ သူနာပြုတွေက သူ့ကို ပြုံးပြီး ကြည့်နေကြတယ်…
မိန်းကလေးဟာ ချက်ချင်း ဆေးရုံပေါ်ကနေ ပြေးဆင်းလာခဲ့ပြီး ကားတစ်စီးငှားပြီး ချစ်သူကောင်လေးအိမ်ကို လိုက်သွားခဲ့တယ်… ချစ်သူကောင်လေးရဲ့ အိမ်လိပ်စာကို သိနေခဲ့ပေမယ့် ကောင်လေးအိမ်ကို တစ်ခါမှ မရောက်ဖူးပါဘူး.. သူ့ကောင်လေး အသံကိုပဲကြားဖူးပြီး ကောင်လေးကိုလည်း တစ်ခါမှ မမြင်ဖူးဘူး…
” သူ့အိမ်ရောက်ရင်တော့ တံခါးခေါက်မယ်.. ပြီးရင် မောင်ရေ မေလာပြီ လို့ အော်ပြီး မလွတ်တမ်းဖက်ထားမယ် “.. ကားပေါ်မှာ မိန်းကလေး စိတ်ကူးလေးယဉ်နေတုန်း.
” အစ်မပြောတဲ့ လိပ်စာနဲ့အိမ်ဟာ ဒီအိမ်ဗျ.. ရောက်ပါပြီခင်ဗျာ.. ”
မိန်းကလေးလည်း ဖြည်းဖြည်းချင်းလှမ်းလာပြီး တံခါးကို ခေါက်လိုက်တယ်..
” ဒေါက် ဒေါက် ဒေါက် … ”
” ဘယ်သူလဲခင်ဗျာ… ”
ဒါ မောင့်အသံ.. လုံးဝမှတ်မိတယ်.. ဘယ်ဘဝ ရောက်ရောက် ဘယ်တော့မှ မေ့မသွားနိုင်တဲ့အသံ..
” မောင်ရေ.. မေလေ.. မေ.. မေ မျက်စိမြင်ရပြီသိလား… ”
” ဝမ်းသာလိုက်တာမေရေ… တံခါးဖွင့်ဝင်ခဲ့လေ… ”
” မေ.. ဘယ်တော့မှ ခွဲမသွားဘူးနှော်… ကဲ .. အခု မေ. မျက်စိမြင်ရပြီဆိုတော့ မောင့်ကို လက်ထပ်မှာမဟုတ်လား ”
ပြောရင်း ချစ်သူကောင်လေးဟာ မိန်းကလေးဘက်ကို ဟိုစမ်းဒီစမ်းနဲ့ လျှောက်လာလိုက်တယ်…
ချစ်သူ ကောင်လေးကို မြင်လိုက်ချိန်မှာ မိန်းကလေးဟာ မှင်သက်ဆွံ့အသွားခဲ့တယ်… သူ့ချစ်သူကောင်းလေးလည်း သူ့လိုပဲ မျက်မမြင်လေးပါလား…
” ဟင့်အင်း ဟင့်အင်း.. လက်မထပ်ဘူး.. မျက်မမြင်ဘဝဖြစ်ရတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မုန်းတာ.. ရှင့်လို မျက်မမြင်ကိုလည်း ကျွန်မ လက်မထပ်နိုင်ဘူး… ” ဆိုပြီး ပြေးထွက်သွားတယ်..
ကောင်လေးဟာ တံခါးဝမှာရပ်ရင်း မိန်းကလေး ထွက်သွားတယ်လို့ထင်ရတဲ့ဘက်ကို လှည့်ပြီး ကြေကြေကွဲကွဲနဲ့တီးတိုးပြောလိုက်တယ်..
” မောင့်ကို လက်မထပ်ရင်တောင် မောင့်မျက်လုံးလေးတွေကို ဂရုစိုက်ပါ ချစ်ရေ.. ”

A Blind Girl and Her Love ကို မြန်မာမှုပြုထားပါသည်။

#MaungPauk

Bloody Reunion (2006) Movie Review

ကျနော် ကိုယ်တိုင် ဒီဇတ်လမ်းအစကို အင်မတန် ရှုပ်ထွေးသွားပါတယ်

နားမလည်တော့ဘူး မကြည့်ချင်တော့ဘူး ဖြစ်သွားခဲ့ရတယ်။

ဒါပေမယ့် သိပ်မကြာပါဘူး နက်နဲ ရှုပ်ထွေးလှတဲ့ လျို့ဝှတ်ချက်တွေကို

မသိချင်ပဲ မနေနိုင်လောက်အောင် ဖြစ်ပြီး အသက်ရှုရပ်မတန့် ဆက်ကြည့်ခဲ့ရတဲ့

Korea ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်ပါတယ်။

ဇတ်လမ်းပုံစံကတော့ ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်သူ ဆရာမပတ်ခ် ဟာ

အသက်ကြီးပြီး နာမကျန်းဖြစ်နေလို့ သူမ တပည့်ဖြစ်သူ နမ်မီဂျား မှ

ပြုစုစောင့်ရှောက်ပေးနေရပါတယ်။

ဆရာမ ရောဂါက ပိုမိုပြင်းထန်လာတဲ့ အခါ နမ်မီဂျား မှ ဆရာမ ပညာသင်ကြားပေးခဲ့တဲ့

တပည့်တစ်ချို့ကို ဆရာမ နေထိုင်ရာ ဆီသို့ ဆုံတွေ့ကြရန် ဖိတ်ကြားခဲ့ပါတော့တယ်။

ရည်ရွယ်ချက်ကတော့ တပည့်များ နှင့် ပျော်ရွှင်စွာ တွေ့ဆုံရင်း ငယ်ငယ်က အဖြစ်အပျက်များကို

ပြန်ပြောင်းအောင်းမေ့ရင်း ဆရာမပတ်ခ် စိတ်ချမ်းသာစေဖို့ အတွက်ဖြစ်ပါတယ်။

ဆရာမ တပည့် ထဲက တစ်ချို့တော့ ရောက်လာကြပါတယ်

ဂျောင်ဝူး ၊ မြောင်ဟို ၊ ဆန်ဟီး ၊ ဒယ်ဗြောင် ၊ စီဟို ၊ အန်ယောင်း တို့ ဖြစ်ပြီး

သူတို့ လာရင်း ကိစ္စတွေမှာ လျို့ဝှတ်ချက် ကိုယ်စီ ပါလာကြပါတယ်

ဘယ်လိုပဲ သူတို့ ရောက်လာလာ ဆရာမ ပတ်ခ် ကတော့ တပည့်တွေကို

မြင်လို့ ပြုံးပျော်နေပါတော့တယ်။

သို့ပေမယ့် ထို ပျော်ရွှင်ခြင်းက နောက်နေ့ မကူးခင်မှာပဲ

ထို ဆရာမပတ်ခ် နှင့် တပည့်တွေ အပေါ် ကံဆိုးမိုးမှောင်ကျပြီး

ရက်စက်မှုများ ကျရောက်လာတော့မယ့် အခါမှာတော့။

ဒီရုပ်ရှင်ကားဟာ ထိတ်လန့်သည်းဖို သွေးထွက်သံယိုတွေ ပါတဲ့

ရုပ်ရှင်ကားဖြစ်ပြီး အသဲငယ်တဲ့ သူတွေ နှလုံးရောဂါရှိသူတွေ

မကြည့်သင့်ပါဘူး။

IMDb 6.1/10 ထိ ရရှိထားပြီး Horror အမျိုးအစား ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Min Pyae Sone ဖြစ်ပြီး Channel

Myanmar ကနေ မြန်မာစာတန်းထိုး နှင့် တင်ဆက်ပေးထားပါတယ်။

#ThitSanKhant

Lost & Found (2016) Movie Review

Adventure အမျိုးအစား ရုပ်ရှင်ကြိုက်သူတွေ အတွက် သင့်တော်တဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်

အန်ဒီ ဟာ ကျောင်းမှာ ရေကူးအားကစား မှာ ထူးချွန်တဲ့ ကျောင်းသား တစ်ဦးဖြစ်ပြီး

စိတ်ဓါတ်ကျခိုက် အပေါင်းအသင်းမှားကာ စတိုးဆိုင်တစ်ခုကနေ ပစ္စည်းခိုးယူ၍

ရဲတိုင်ခံခဲ့ရပါတယ် ထို့နောက် ၀န်ခံကတိလက်မှတ်ရေးထိုးခဲ့ရပြီး အန်ဒီ ဖခင် မှ

အန်ဒီ ဦးလေး ဖြစ်သူ ထရန့်ဝေါ်တန် ရှိသော ကျွန်းတစ်ခုသို့ အန်ဒီ ၏ ညီ မိုက်ခ် နှင့်

အတူ အလည်အပတ် ပို့ဆောင်ပေးခဲ့ပါတယ်…

ထို ကျွန်းသို့ ရောက်သော အခါ ဝေါ်တန် မျိုးရိုးသည် ချမ်းသာခဲ့ပြီး

လူယုတ်မာများ လက်ချက်ဖြင့် အန်ဒီ တို့ အဖိုး ပျောက်ဆုံးခဲ့ပြီး မိသားစုပိုင်

ပစ္စည်းများ အစ ပျောက်သွားသည်ကို သိရှိရကာ ဝေါ်တန် တို့ရဲ့ အမွေ အနှစ်ကို

ပြန်လည်ရှာဖွေ ရန် အဖိုးဖြစ်သူ ထားခဲ့သော ၀ှက်စာများမှ တဆင့် အစ ဖော်ရာ

တွေ့ရှိဖို့ နီးစပ်ခဲ့ပြီး အန်ဒီ တို့ အဖိုး အစပျောက်အောင် ဖန်တီးပြီး ပစ္စည်းများကို

တိတ်တိတ်လေး ရှာဖွေ နေသူမှာ အန်ဒီ ၏ ရည်းစား ကလဲရာ ရဲ့ အဖေ

ဘရိုမန်း ဖြစ်နေသည်ကို သိရှိခဲ့ကြသော် အခါ….

ဒီရုပ်ရှင်ကားဟာ IMDb 5.3/10 ရရှိထားပြီး စိတ်ဝင်စားဖွယ် ဇတ်လမ်းဆင်ထားပါသည်

www.channelmyanmar.org တွင် ကြည့်ရှုနိုင်ပါပြီ။

#ThitSanKhant

Pudding Monsters (Android & iOS) Game Review

 

Android & iOS Game ဆော့ရတာ ၀ါသနာပါတဲ့ သူတွေ အတွက် Game ကောင်းလေး တစ်ခု နဲ့

မိတ်ဆက်ပေးချင်ပါတယ်။

ကျနော့်လို Mobile Game ဆော့ရတာ အင်မတန်ပျင်းတဲ့ သူတောင် ဆော့ရတာ ပျော်တဲ့

ဂိမ်းကတော့ Pudding Monsters လို့ ခေါ်တဲ့ Android Mobile Game ဖြစ်ပါတယ်။

 

Game  ပုံစံကတော့ Jelly Pudding လေးတွေဟာ ရေခဲသေတ္တာထဲမှ အစားမခံရအောင်

အိပ်ပျော်နေတဲ့ တစ်ခြား Jelly Pudding တွေ နဲ့ ပြန်လည်စုစည်းပြီး လွတ်မြောက်အောင်

လုပ်ရမယ့် ပုံစံလေးဖြစ်ပါတယ်။

 

အတားအစီးလေးတွေ ကြားကနေ Pudding တစ်ခုနဲ့ တစ်ခုက လက်လေးတွေနဲ့ ရွေ့ပြီး

ပေါင်းစည်းပေးရမှာ ဖြစ်သလို သူပြထားပေးတဲ့ Star လေးတွေ နဲ့ အံဝင်ဂွင်ကျ ဖြစ်ခဲ့ရင် 3 Star

အထိ ရရှိမှာလဲ ဖြစ်ပါတယ်။

 

 125 levels အများကြီးပါတော့ ဆော့ရတာ မရိုးပဲ အရမ်းပျော်ဖို့ကောင်းတဲ့

Puzzle Game အမျိုးအစား ဖြစ်ပါတယ် Game ကို ထုတ်လုပ်ပေးတဲ့ Developer ကတော့

Cut The Rope လို Puzzle Game တွေ နဲ့ အောင်မြင်နေတဲ့ ZeptoLab ကပဲ ဖြစ်ပါတယ်။

 

ဒီ Game ကို ဆော့ချင်တယ်ဆိုရင်တော့ Google Account (or) Apple ID

ရှိရမှာဖြစ်ပြီး မိမိ ဖုန်းက App Store (or)Play Store App မှ

တဆင့် ၀င်ရောက် ရှာဖွေ Download ဆွဲ ၍ ဆော့နိုင်ပါတယ်

အကယ်၍ ရှာမတွေ့ခဲ့ဘူးဆိုရင် အောက်ပါ Link ကို နှိပ်၍ Download ဆွဲနိုင်ပါတယ်။

 

Download IOS —-> https://goo.gl/D32dsG

Download Android —-> https://goo.gl/84NnC8

Resident Evil: Vendetta (2017) Review

Wow… လို့ အရင်ပြောပါရစေ…

Resident Evil: The Final Chapter နဲ့ ဂျင်းသိပ်ခံရတာတွေ

ဒီ Animation Movie နဲ့ ပြန်ဖြေသိမ့်လိုက်ရတယ်…

IMDb 7.1/10 ထိရထားတယ် ဆိုရင် သိလိုက်တော့…

ကိုယ်တွေ လွမ်းနေတဲ့ ခရစ် ပါမယ် ရေဗက္ကာ ပါမယ် လီယွန် ပါတယ်

ဇတ်လမ်းက နည်းနည်းတော့ Game ဆန်မယ် ကိုယ်တွေက

Game အဆော့များလို့လား မပြောတက်ပေမယ့် Game Story နဲ့

နဲနဲသွားဆင်နေတယ် သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့

Resident Evil 7: Biohazard (Game) လိုမျိုး ဇတ်လမ်း ကြိုမသိနိုင်တဲ့

ပုံစံမျိုး နဲ့ ဇတ်သိမ်းသွားတယ်…

အမှန်အတိုင်းပြောရရင် ရမယ်ရှာပြီး ဆွဲဆန့်ထားတဲ့ Resident Evil

ဇတ်လမ်းတွေဟာ တစ်ဖြေးဖြေး ချာလာပေမယ့်

ခုနောက်ပိုင်း Japan က Game နဲ့ Animation တွေဟာ ဖန်တရာတေနေတဲ့

umbrella corporation ကို တစ်ဖြေးဖြေး ကျနော်တို့ဆီကနေ အစဖျောက်

ဆွဲထုတ်သွားခဲ့ပါပြီ….

အရင်က umbrella ရဲ့ ဖော်မြူလာက တစ်ဦး ကနေ တစ်ဦး ကိုက်ပြီး

သတ်ဖြတ်ပြီး ကူးမယ် အသိဥာဏ်မဲ့ပြီး သွေးနံ့ရသမျှ ကိုက်မယ် ဆိုတာတွေ

အခု ဗီလိန် အသစ် အေရိစ် ရဲ့ လက်ထပ် မှာ တစ်မျိုးပြောင်းလဲလိုက်ပါပြီ

သူကမှ တကယ့်စစ်တပ်တစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်…

အေရိစ် ဟာ ဗိုင်းရပ်စ် ဖော်မြူလာ ကို ထပ်ပြီး ဆန်းသစ်ကာ

Zombie တွေကို ထိန်းချူပ်နိုင်တဲ့ ဖော်မြူလာ အဖြစ်ပြောင်းလဲခဲ့ပါတယ်..

အသိဥာဏ်ရှိတဲ့ တကယ့် Zombie တပ်ဖွဲ့ကို ဖန်ဆင်းနိုင်ခဲ့တာပါ….

ဇတ်လမ်းကို ဘယ်နည်းနဲ့မှ အမြည်းအဖြစ် မပေးနိုင်တာကိုတော့

ခွင့်လွှတ်ပေးပါ ကျနော့် လက် နဲ့ ရေးမပြနိုင်ချင်လောက်အောင်

ကျနော့် ရဲ့ ၀ါသနာတူ Resident Evil Fan တွေကို ခံစားစေချင်လို့

Resident Evil အားလုံးကို မလွတ်တမ်း ဘာသာပြန်ခဲ့တဲ့

Channel Myanmar Translator Tariq L Walker ကနေ

မြန်မာစာတန်းထိုး နဲ့ တင်ပေးလိုက်ပါပြီ

Download ဆွဲကြည့်လိုက်ပါခင်ဗျာ…

ပြီးရင် ကျနော် ညွှန်းထားသလို ဟုတ်မဟုတ် ဆိုတာ ကြည့်လိုက်ပေါ့…

#ThitSanKhant

 

စာရေး ဆရာများ နှင့် သူတို့၏ ၀တ္တုများ

စာရေးဆရာတစ်ယောက်
ဝတ္ထုတစ်ပုဒ်ကို ဖန်တီးတာ
လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး

ဝတ္ထုထဲပါတဲ့ ဇာတ်ကောင်တွေရဲ့
ကာရိုက်တာတိုင်းကို စိတ်နှစ်ပူးကပ်ပြီးး
ရေးရတဲ့အတွက် စိတ်အရမ်းပင်ပန်းရပါတယ်
ရေးသားမှုအတတ်ပညာပိုင်းကလည်းး
မလွတ်အောင် ကိုယ်ပေးချင်တဲ့ရည်ရွယ်ချက်ကိုလည်း ရောက်အောင်ရေးရတာလည်းး
စာရေးဆရာတွေအတွက် မလွယ်ကူလှပါဘူးး

ဝတ္ထုတစ်ပုဒ်ကိုရေးတဲ့အခါ
ဇာတ်ဆောင်ကို ဦးစားပေးတဲ့ဝတ္ထု
ဇာတ်လမ်းကို ဦးစားပေးတဲ့ဝတ္ထု
ကာလဒေသနောက်ခံကို ဦးစားပေးတဲ့ဝတ္ထုဆိုပြီး
သုံးမျိုးရှိပါတယ်
ဥပမာ အနေနဲ့ဆရာမ မစန္ဒာရေးတဲ့
ဘဝအိပ်မက် ပန်းအိပ်မက် ဝတ္ထုဟာ
ဇာတ်ဆောင်အသားပေးဝတ္ထုကောင်းတစ်ပုဒ်အဖြစ် အခုခေတ်ထိထင်ရှားနေတုန်းပဲ
၁၉၉၄ခုနှစ်မှာအမျိုးသားစာပေဆုရခဲ့တဲ့
ဝတ္ထုလည်းဖြစ်တယ်
နိုင်ငံတော်တော်များများကလည်း ဘာသာပြန်
ထားတယ်လို့လည်းသိရတယ်
လူ့သဘောသဘာဝ လူ့စရိုက်ကိုထင်ဟပ်ပြသ
နေတဲ့ ဇာတ်ဆောင်အသားပေးဝတ္ထုကောင်း
တစ်ပုဒ်ပါ
အဲ့စာအုပ်ကို ကိုယ်ဒုတိယနှစ်ကျောင်းသူ
ဘဝကတည်းက ဖတ်ဖူးတာပါ
အပိုင်ဝယ်သိမ်းထားရလောက်တဲ့အထိကိုကြိုက်ခဲ့တာ☺️

နောက် ဇာတ်လမ်းအသားပေးဝတ္ထုအနေနဲ့က
ရာဇဝင်အကြောင်းတွေရေးတဲ့နေရာမှာ
တော်တော်များများတွေ့ရတယ်
ရွှေစင်္ကြာဦးစိုးမြင့်ရေးတဲ့ နားခံတော်ဝတ္ထု
ဦးလတ်ရေးတဲ့ ရွှေပြည်စိုးဝတ္ထုလိုမျိုး
တွေပေါ့

ကာလဒေသနောက်ခံအနေနဲ့
အထင်ရှားဆုံးကတော့
ဆရာကြီးသိန်းဖေမြင့်ရေးတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာကတော့ အထင်ကရအဖြစ်ဆုံးပါပဲ
အဲ့စာအုပ်ဖတ်ရင်းးနဲ့ ကိုယ်ပါ အရေးတော်ပုံတွေ
တော်လှန်ရေးထဲရောက်သွားသလိုခံစားရပါတယ်

ဝတ္ထုတော်တော်များများမှာ
ဇာတ်ဆောင်ကိုအသားပေးရင်း
ကာလဒေသနောက်ခံကိုဖေါ်ကျူးတာများပါတယ်
ဥပမာ ဆရာမကြီး ခင်နှင်းယုရဲ့
မြကြာဖြူလိုဝတ္ထုမျိုးဆို ဆိုရှယ်လစ်ခေတ်ရဲ့
အရိပ်ကိုမြင်သာအောင်ဖေါ်ပြပြီး
ရှယ်လီ(ခေါ်)မြကြာဖြူရဲ့ စရိုက်ကို
ဖေါ်ပြသွားတာ အသက်ဝင်လှပါတယ်
စာဖတ်ဝါသနာပါတယ်ဆိုရင်
နိုဘယ်မြန်မာပွဲတော်မှာ ပြန်ထုတ်တဲ့
ဝတ္ထုတွေကို ဖတ်ကြည့်စေချင်ပါတယ်
ဆရာမကြီးတက္ကသိုလ်မြစိမ်းရဲ့ နောက်တိုး
ဆရာကြီး ဒဂုန်တာရာရဲ့ မေ
ဇဝနရဲ့ ကောလိပ်ကျောင်းသား
မင်းလူရဲ့ ရင်ထဲကဆောင်းရာသီ
ဆရာကြီး မြသန်းတင့်ရဲ့ မာယာဘုံ
မိုးမိုး(အင်းလျား)ရဲ့ ငြိမ်းကိုရှက်ပါ
တာရာမင်းဝေရဲ့ ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး
စတဲ့ စတဲ့ ရှားပါးဝတ္ထုတွေလည်းပါတဲ့
ဝတ္ထုပေါင်း တစ်ရာကျော် ပြန်ထုတ်ထားပါတယ်
ကိုယ်လည်း တစ်ချို့ဝတ္ထုတွေ ဖတ်ရပါဦးမယ်
ကိုယ် ဝတ္ထုရေးတဲ့စာရေးဆရာတော်တော်များများကို ချစ်ပါတယ် လေးလည်းလေးစားတယ်
သူတို့ရေးတဲ့ဝတ္ထု တွေကို
ဘယ်နေရာ ဇာတ်ပျိုး
ဘယ်နေရာ ဇာတ်တက်
ဘယ်နေရာကတော့ ဇာတ်ထွတ်
ဘယ်နေရာ ဇာတ်ဆင်းလဲဆိုတာ
တစ်ခြားသူတွေထက်စာရင်
သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့အတွက်
သူတို့ကောင်းကောင်းသိပါတယ်
Thesis လုပ်တာပဲဖြစ်ဖြစ်
သုတေသနလုပ်တာပဲဖြစ်ဖြစ်
သူတို့ဝတ္ထုတွေကို
ကိုယ်တွေရဲ့ တစ်ထွာတစ်မိုက်ဥာဏ်လေးနဲ့
ဝေဖန်ဆန်းစစ်သုံးသပ်ရတာလေ
မဖြစ်မနေမို့သာလုပ်ရတာ
အားနာဖို့ကောင်းလှပါတယ်
အဲ့တာကြောင့် ဝတ္ထုရေးဆရာတွေကို
သူ့ဘာသာဘယ်လိုအသုံးအနှုန်းနဲ့ရေးရေး
အရေးကြီးတာက ရည်ရွယ်ချက်ပြောင်းပြန်
မဖြစ်ဘဲ အဆိပ်အတောက်ကင်းပြီးး
စာဖတ်သူကိုပေးချင်တဲ့ ရည်ရွယ်ချက်
အသိတရား တစ်ခုခုကျန်ခဲ့တယ်ဆိုရင်ပဲ
ကျေနပ်ဖို့ကောင်းနေပါပြီ
ဝေဖန်တာကို လက်ခံလို့ရပေမယ့်လေ
ကိုယ်လေးစားအားကျရတဲ့
စာရေးဆရာ အမျိုးသားစာပေဆုလည်းရတဲ့အပြင်
သုတရော ရသပါ ရေးသားဖန်တီးနိုင်တဲ့
ဆရာတွေကို ဝေဖန်တာ နည်းနည်းများးး
မသင့်တော်ဘူးလားးလို့ပါ……

Author – Nant Hay Mar Lwin