စာရေး ဆရာများ နှင့် သူတို့၏ ၀တ္တုများ

စာရေးဆရာတစ်ယောက်
ဝတ္ထုတစ်ပုဒ်ကို ဖန်တီးတာ
လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး

ဝတ္ထုထဲပါတဲ့ ဇာတ်ကောင်တွေရဲ့
ကာရိုက်တာတိုင်းကို စိတ်နှစ်ပူးကပ်ပြီးး
ရေးရတဲ့အတွက် စိတ်အရမ်းပင်ပန်းရပါတယ်
ရေးသားမှုအတတ်ပညာပိုင်းကလည်းး
မလွတ်အောင် ကိုယ်ပေးချင်တဲ့ရည်ရွယ်ချက်ကိုလည်း ရောက်အောင်ရေးရတာလည်းး
စာရေးဆရာတွေအတွက် မလွယ်ကူလှပါဘူးး

ဝတ္ထုတစ်ပုဒ်ကိုရေးတဲ့အခါ
ဇာတ်ဆောင်ကို ဦးစားပေးတဲ့ဝတ္ထု
ဇာတ်လမ်းကို ဦးစားပေးတဲ့ဝတ္ထု
ကာလဒေသနောက်ခံကို ဦးစားပေးတဲ့ဝတ္ထုဆိုပြီး
သုံးမျိုးရှိပါတယ်
ဥပမာ အနေနဲ့ဆရာမ မစန္ဒာရေးတဲ့
ဘဝအိပ်မက် ပန်းအိပ်မက် ဝတ္ထုဟာ
ဇာတ်ဆောင်အသားပေးဝတ္ထုကောင်းတစ်ပုဒ်အဖြစ် အခုခေတ်ထိထင်ရှားနေတုန်းပဲ
၁၉၉၄ခုနှစ်မှာအမျိုးသားစာပေဆုရခဲ့တဲ့
ဝတ္ထုလည်းဖြစ်တယ်
နိုင်ငံတော်တော်များများကလည်း ဘာသာပြန်
ထားတယ်လို့လည်းသိရတယ်
လူ့သဘောသဘာဝ လူ့စရိုက်ကိုထင်ဟပ်ပြသ
နေတဲ့ ဇာတ်ဆောင်အသားပေးဝတ္ထုကောင်း
တစ်ပုဒ်ပါ
အဲ့စာအုပ်ကို ကိုယ်ဒုတိယနှစ်ကျောင်းသူ
ဘဝကတည်းက ဖတ်ဖူးတာပါ
အပိုင်ဝယ်သိမ်းထားရလောက်တဲ့အထိကိုကြိုက်ခဲ့တာ☺️

နောက် ဇာတ်လမ်းအသားပေးဝတ္ထုအနေနဲ့က
ရာဇဝင်အကြောင်းတွေရေးတဲ့နေရာမှာ
တော်တော်များများတွေ့ရတယ်
ရွှေစင်္ကြာဦးစိုးမြင့်ရေးတဲ့ နားခံတော်ဝတ္ထု
ဦးလတ်ရေးတဲ့ ရွှေပြည်စိုးဝတ္ထုလိုမျိုး
တွေပေါ့

ကာလဒေသနောက်ခံအနေနဲ့
အထင်ရှားဆုံးကတော့
ဆရာကြီးသိန်းဖေမြင့်ရေးတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာကတော့ အထင်ကရအဖြစ်ဆုံးပါပဲ
အဲ့စာအုပ်ဖတ်ရင်းးနဲ့ ကိုယ်ပါ အရေးတော်ပုံတွေ
တော်လှန်ရေးထဲရောက်သွားသလိုခံစားရပါတယ်

ဝတ္ထုတော်တော်များများမှာ
ဇာတ်ဆောင်ကိုအသားပေးရင်း
ကာလဒေသနောက်ခံကိုဖေါ်ကျူးတာများပါတယ်
ဥပမာ ဆရာမကြီး ခင်နှင်းယုရဲ့
မြကြာဖြူလိုဝတ္ထုမျိုးဆို ဆိုရှယ်လစ်ခေတ်ရဲ့
အရိပ်ကိုမြင်သာအောင်ဖေါ်ပြပြီး
ရှယ်လီ(ခေါ်)မြကြာဖြူရဲ့ စရိုက်ကို
ဖေါ်ပြသွားတာ အသက်ဝင်လှပါတယ်
စာဖတ်ဝါသနာပါတယ်ဆိုရင်
နိုဘယ်မြန်မာပွဲတော်မှာ ပြန်ထုတ်တဲ့
ဝတ္ထုတွေကို ဖတ်ကြည့်စေချင်ပါတယ်
ဆရာမကြီးတက္ကသိုလ်မြစိမ်းရဲ့ နောက်တိုး
ဆရာကြီး ဒဂုန်တာရာရဲ့ မေ
ဇဝနရဲ့ ကောလိပ်ကျောင်းသား
မင်းလူရဲ့ ရင်ထဲကဆောင်းရာသီ
ဆရာကြီး မြသန်းတင့်ရဲ့ မာယာဘုံ
မိုးမိုး(အင်းလျား)ရဲ့ ငြိမ်းကိုရှက်ပါ
တာရာမင်းဝေရဲ့ ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး
စတဲ့ စတဲ့ ရှားပါးဝတ္ထုတွေလည်းပါတဲ့
ဝတ္ထုပေါင်း တစ်ရာကျော် ပြန်ထုတ်ထားပါတယ်
ကိုယ်လည်း တစ်ချို့ဝတ္ထုတွေ ဖတ်ရပါဦးမယ်
ကိုယ် ဝတ္ထုရေးတဲ့စာရေးဆရာတော်တော်များများကို ချစ်ပါတယ် လေးလည်းလေးစားတယ်
သူတို့ရေးတဲ့ဝတ္ထု တွေကို
ဘယ်နေရာ ဇာတ်ပျိုး
ဘယ်နေရာ ဇာတ်တက်
ဘယ်နေရာကတော့ ဇာတ်ထွတ်
ဘယ်နေရာ ဇာတ်ဆင်းလဲဆိုတာ
တစ်ခြားသူတွေထက်စာရင်
သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့အတွက်
သူတို့ကောင်းကောင်းသိပါတယ်
Thesis လုပ်တာပဲဖြစ်ဖြစ်
သုတေသနလုပ်တာပဲဖြစ်ဖြစ်
သူတို့ဝတ္ထုတွေကို
ကိုယ်တွေရဲ့ တစ်ထွာတစ်မိုက်ဥာဏ်လေးနဲ့
ဝေဖန်ဆန်းစစ်သုံးသပ်ရတာလေ
မဖြစ်မနေမို့သာလုပ်ရတာ
အားနာဖို့ကောင်းလှပါတယ်
အဲ့တာကြောင့် ဝတ္ထုရေးဆရာတွေကို
သူ့ဘာသာဘယ်လိုအသုံးအနှုန်းနဲ့ရေးရေး
အရေးကြီးတာက ရည်ရွယ်ချက်ပြောင်းပြန်
မဖြစ်ဘဲ အဆိပ်အတောက်ကင်းပြီးး
စာဖတ်သူကိုပေးချင်တဲ့ ရည်ရွယ်ချက်
အသိတရား တစ်ခုခုကျန်ခဲ့တယ်ဆိုရင်ပဲ
ကျေနပ်ဖို့ကောင်းနေပါပြီ
ဝေဖန်တာကို လက်ခံလို့ရပေမယ့်လေ
ကိုယ်လေးစားအားကျရတဲ့
စာရေးဆရာ အမျိုးသားစာပေဆုလည်းရတဲ့အပြင်
သုတရော ရသပါ ရေးသားဖန်တီးနိုင်တဲ့
ဆရာတွေကို ဝေဖန်တာ နည်းနည်းများးး
မသင့်တော်ဘူးလားးလို့ပါ……

Author – Nant Hay Mar Lwin

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *