Bloody Reunion (2006) Movie Review

ကျနော် ကိုယ်တိုင် ဒီဇတ်လမ်းအစကို အင်မတန် ရှုပ်ထွေးသွားပါတယ်

နားမလည်တော့ဘူး မကြည့်ချင်တော့ဘူး ဖြစ်သွားခဲ့ရတယ်။

ဒါပေမယ့် သိပ်မကြာပါဘူး နက်နဲ ရှုပ်ထွေးလှတဲ့ လျို့ဝှတ်ချက်တွေကို

မသိချင်ပဲ မနေနိုင်လောက်အောင် ဖြစ်ပြီး အသက်ရှုရပ်မတန့် ဆက်ကြည့်ခဲ့ရတဲ့

Korea ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်ပါတယ်။

ဇတ်လမ်းပုံစံကတော့ ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်သူ ဆရာမပတ်ခ် ဟာ

အသက်ကြီးပြီး နာမကျန်းဖြစ်နေလို့ သူမ တပည့်ဖြစ်သူ နမ်မီဂျား မှ

ပြုစုစောင့်ရှောက်ပေးနေရပါတယ်။

ဆရာမ ရောဂါက ပိုမိုပြင်းထန်လာတဲ့ အခါ နမ်မီဂျား မှ ဆရာမ ပညာသင်ကြားပေးခဲ့တဲ့

တပည့်တစ်ချို့ကို ဆရာမ နေထိုင်ရာ ဆီသို့ ဆုံတွေ့ကြရန် ဖိတ်ကြားခဲ့ပါတော့တယ်။

ရည်ရွယ်ချက်ကတော့ တပည့်များ နှင့် ပျော်ရွှင်စွာ တွေ့ဆုံရင်း ငယ်ငယ်က အဖြစ်အပျက်များကို

ပြန်ပြောင်းအောင်းမေ့ရင်း ဆရာမပတ်ခ် စိတ်ချမ်းသာစေဖို့ အတွက်ဖြစ်ပါတယ်။

ဆရာမ တပည့် ထဲက တစ်ချို့တော့ ရောက်လာကြပါတယ်

ဂျောင်ဝူး ၊ မြောင်ဟို ၊ ဆန်ဟီး ၊ ဒယ်ဗြောင် ၊ စီဟို ၊ အန်ယောင်း တို့ ဖြစ်ပြီး

သူတို့ လာရင်း ကိစ္စတွေမှာ လျို့ဝှတ်ချက် ကိုယ်စီ ပါလာကြပါတယ်

ဘယ်လိုပဲ သူတို့ ရောက်လာလာ ဆရာမ ပတ်ခ် ကတော့ တပည့်တွေကို

မြင်လို့ ပြုံးပျော်နေပါတော့တယ်။

သို့ပေမယ့် ထို ပျော်ရွှင်ခြင်းက နောက်နေ့ မကူးခင်မှာပဲ

ထို ဆရာမပတ်ခ် နှင့် တပည့်တွေ အပေါ် ကံဆိုးမိုးမှောင်ကျပြီး

ရက်စက်မှုများ ကျရောက်လာတော့မယ့် အခါမှာတော့။

ဒီရုပ်ရှင်ကားဟာ ထိတ်လန့်သည်းဖို သွေးထွက်သံယိုတွေ ပါတဲ့

ရုပ်ရှင်ကားဖြစ်ပြီး အသဲငယ်တဲ့ သူတွေ နှလုံးရောဂါရှိသူတွေ

မကြည့်သင့်ပါဘူး။

IMDb 6.1/10 ထိ ရရှိထားပြီး Horror အမျိုးအစား ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Min Pyae Sone ဖြစ်ပြီး Channel

Myanmar ကနေ မြန်မာစာတန်းထိုး နှင့် တင်ဆက်ပေးထားပါတယ်။

#ThitSanKhant

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *