A Blind Girl and Her Love (မြန်မာပြန်)

မျက်မမြင်မိန်းကလေးတစ်ယောက်ဟာ မျက်မမြင်ဘဝဖြစ်လာရတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေမိသလို အခြားသူတွေကိုလည်း မုန်းနေခဲ့တယ်.. သူ့ချစ်သူ ကောင်လေးတော့ သူမုန်းတဲ့ထဲမှာ မပါဘူးပေါ့..
ကောင်လေးဟာ မျက်မမြင်ကောင်မလေးဆီ နေ့တိုင်းလာပြီး အားပေးစကားတွေပြော၊ ဝေယျာဝိစ္စလေးတွေလုပ် နဲ့ ကောင်မလေးနဲ့ ကောင်လေးချစ်သူဘဝဟာ သာယာကြည်နူးစရာအပြည့်နဲ့..
” မေ…”
” ဟင်.. မောင်.. ပြောလေ.. ”
” မောင်လေ… မေနဲ့ လက်ထပ်ပြီး. မေ ဘာဖြစ်ချင်ဖြစ်ချင်.. ဖြစ်ချင်တာ အကုန်လုံး ပြည့်စုံအောင် လုပ်ပေးမယ်.. မေ ဘာဖြစ်ချင်လဲပြောလေ.. ”
” မေ့ကို လက်မထပ်ချင်ပါနဲ့ မောင်ရယ်… မေက မျက်စိလည်း မမြင်ဘူး.. မောင့်ကိုတော့ အသည်းနစ်အောင်ချစ်ပါတယ်.. ဒါပေမယ့် မျက်မမြင်မလေး တစ်ယောက်ကို မောင် လက်မထပ်စေချင်ဘူး ”
” သြော်.. မေရယ်.. မေသာ လက်ထပ်မယ်ဆို မောင် ဘာပဲဖြစ်နေ ဖြစ်နေ အကုန် စိတ်တိုင်းကျဖြစ်စေရမယ်. နှော်.. လက်ထပ်ပါရစေ ချစ်လေးရယ် ”
” အင်း.. အဲဒါဆို.. မေလေ.. ကမ္ဘာကြီးကို မေ့မျက်စိနဲ့ တပ်အပ်မြင်ရတဲ့နေ့ကျရင် မောင့်ကို ချက်ချင်း လက်ထပ်မယ်သိလား ”
အဲလိုနဲ့ ကောင်လေးနဲ့ မျက်မမြင်မိန်းကလေးတို့ ကြည်နူးစရာ ချစ်စကားဆိုကြပြီး ၄/၅ ရက်လောက် မျက်မမြင်မိန်းကလေးဆီ ရောက်မလာတော့ဘူး…
မျက်မမြင်မိန်းကလေးကတော့ ” သြော်.. ယောင်္ကျားတွေများ ရက်စက်လိုက်တာ.. မျက်မမြင်မိန်းကလေးတစ်ယောက် ဘယ်တော့မှ မျက်စိမြင်လာစရာလည်းမရှိတော့ဘူး၊ မျက်စိမမြင်ရင် သူ့ကို လက်မထပ်ဘူး ဆိုတာလဲသိရော.. ပေါ်ကို မလာတော့ဘူး.. ရက်စက်လိုက်တာ မောင်ရယ်.. မေက မောင့်ကို အသည်းနစ်အောင်ချစ်တာပါ.. မေသာ မျက်စိမြင်ရပြီး မောင်သာ မျက်မမြင်ဖြစ်နေလည်း မေကတော့ ချစ်နေမှာပါ.. ” ဆိုပြီး ကြေကွဲနေရှာတယ်..
” ဒေါက်ဒေါက်ဒေါက်…. ” တံခါးခေါက်သံ.. ဘယ်သူများပါလိမ့်..
” ဘယ်သူလဲရှင့် ” မျက်မမြင်ကောင်မလေးဟာ ဟိုစမ်းဒီစမ်းနဲ့ တံခါးသွားဖွင့်လိုက်တယ်..
” ကျွန်တော်တို့ မျက်စိအထူးကု ဆေးရုံကပါ.. မိန်းကလေးကို မျက်စိအလှူရှင်ပေါ်လာလို့ လာခေါ်တာပါ ”
” ဟုတ်လား.. ဝမ်းသာလိုက်တာရှင်.. ကျွန်မ မျက်စိမြင်တော့မှာပေါ့နှော်.. မောင်ရေ… မေသာ မျက်စိမြင်ရလို့ကတော့ မောင့်ကို မတွေ့တွေ့အောင်ရှာပြီး ချက်ချင်းလက်ထပ်ပါမယ်… ”
ဒီလိုနဲ့ မျက်စိအထူးကုဆေးရုံမှာ မိန်းကလေးကို မျက်စိအစားထိုးကုသပြီး ပတ်တီးဖြည်တဲ့နေ့…
ဆရာဝန်က ” ပတ်တီးဖြည်မယ်နှော်.. မိန်းကလေး မျက်စိ ပြန်ကောင်းလာရင် ပထမဆုံး ဘာလုပ်မှာလဲ… ”
” ကျွန်မလေ.. ကျွန်မ ချစ်သူဆီ ချက်ချင်းသွားပြီး လက်ထပ်မယ်.. ဇနီးမောင်နှံနှစ်ယောက် မိဘတွေကို လိုက်ကန်တော့မယ်.. ”
” ကောင်းလိုက်တဲ့အစီအစဉ်ဗျာ.. ကဲ.. ဖြည်ပြီ…” ဆိုပြီး ပတ်တီးဖြည်လိုက်ပါတယ်.. မိန်းကလေးဟာ အံ့သြမှုတွေနဲ့ အပြည့်ပေါ့.. မျက်စိပြန်မြင်ရပြီ.. ဆရာဝန်တွေ၊ သူနာပြုတွေက သူ့ကို ပြုံးပြီး ကြည့်နေကြတယ်…
မိန်းကလေးဟာ ချက်ချင်း ဆေးရုံပေါ်ကနေ ပြေးဆင်းလာခဲ့ပြီး ကားတစ်စီးငှားပြီး ချစ်သူကောင်လေးအိမ်ကို လိုက်သွားခဲ့တယ်… ချစ်သူကောင်လေးရဲ့ အိမ်လိပ်စာကို သိနေခဲ့ပေမယ့် ကောင်လေးအိမ်ကို တစ်ခါမှ မရောက်ဖူးပါဘူး.. သူ့ကောင်လေး အသံကိုပဲကြားဖူးပြီး ကောင်လေးကိုလည်း တစ်ခါမှ မမြင်ဖူးဘူး…
” သူ့အိမ်ရောက်ရင်တော့ တံခါးခေါက်မယ်.. ပြီးရင် မောင်ရေ မေလာပြီ လို့ အော်ပြီး မလွတ်တမ်းဖက်ထားမယ် “.. ကားပေါ်မှာ မိန်းကလေး စိတ်ကူးလေးယဉ်နေတုန်း.
” အစ်မပြောတဲ့ လိပ်စာနဲ့အိမ်ဟာ ဒီအိမ်ဗျ.. ရောက်ပါပြီခင်ဗျာ.. ”
မိန်းကလေးလည်း ဖြည်းဖြည်းချင်းလှမ်းလာပြီး တံခါးကို ခေါက်လိုက်တယ်..
” ဒေါက် ဒေါက် ဒေါက် … ”
” ဘယ်သူလဲခင်ဗျာ… ”
ဒါ မောင့်အသံ.. လုံးဝမှတ်မိတယ်.. ဘယ်ဘဝ ရောက်ရောက် ဘယ်တော့မှ မေ့မသွားနိုင်တဲ့အသံ..
” မောင်ရေ.. မေလေ.. မေ.. မေ မျက်စိမြင်ရပြီသိလား… ”
” ဝမ်းသာလိုက်တာမေရေ… တံခါးဖွင့်ဝင်ခဲ့လေ… ”
” မေ.. ဘယ်တော့မှ ခွဲမသွားဘူးနှော်… ကဲ .. အခု မေ. မျက်စိမြင်ရပြီဆိုတော့ မောင့်ကို လက်ထပ်မှာမဟုတ်လား ”
ပြောရင်း ချစ်သူကောင်လေးဟာ မိန်းကလေးဘက်ကို ဟိုစမ်းဒီစမ်းနဲ့ လျှောက်လာလိုက်တယ်…
ချစ်သူ ကောင်လေးကို မြင်လိုက်ချိန်မှာ မိန်းကလေးဟာ မှင်သက်ဆွံ့အသွားခဲ့တယ်… သူ့ချစ်သူကောင်းလေးလည်း သူ့လိုပဲ မျက်မမြင်လေးပါလား…
” ဟင့်အင်း ဟင့်အင်း.. လက်မထပ်ဘူး.. မျက်မမြင်ဘဝဖြစ်ရတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မုန်းတာ.. ရှင့်လို မျက်မမြင်ကိုလည်း ကျွန်မ လက်မထပ်နိုင်ဘူး… ” ဆိုပြီး ပြေးထွက်သွားတယ်..
ကောင်လေးဟာ တံခါးဝမှာရပ်ရင်း မိန်းကလေး ထွက်သွားတယ်လို့ထင်ရတဲ့ဘက်ကို လှည့်ပြီး ကြေကြေကွဲကွဲနဲ့တီးတိုးပြောလိုက်တယ်..
” မောင့်ကို လက်မထပ်ရင်တောင် မောင့်မျက်လုံးလေးတွေကို ဂရုစိုက်ပါ ချစ်ရေ.. ”

A Blind Girl and Her Love ကို မြန်မာမှုပြုထားပါသည်။

#MaungPauk

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *