SM entertainment ရဲ့ အနုပညာသတင်း

နောက်ဆုံးရ သတင်းလေးတစ်ပုဒ်ကို ဖော်ပြပါရစေ။
SM entertainment ဟာ တောင်ကိုရီးယားနိုင်ငံရဲ့  ထိပ်တန်း ဖျော်ဖြေရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆယ်ကျော်သက်လူငယ်မျာအကြား ရေပန်းစားတဲ့ EXO, NCT, Girl Generation, Super Junior, Shinee, f(x), Red Velvet အစရှိတဲ့ ကမ္ဘာကျော် တေးဂီတအဖွဲ့တွေကို မွေးထုတ်ပေးခဲ့ ပေးလျှက်ရှိနေတယ်ဆိုတာ အားလုံး သိပြီးကြပြီဖြစ်ပါသည်။

SM entertainment မှ အနုပညာရှင်များရဲ့ အတွင်းရေး အပြင်ရေး ကိစ္စမှ အစ လှုပ်ရှားမှုတစ်ခုတိုင်းစီကို စက္ကန်မလပ် အသေးစိတ်စောင့်ကြည့်နေသူများလည်းရှိနေပါသည်။ သတင်းချည်းသက်သက် စောင့်မျှော်နေသူများသာမက ကောလဟာလွှင့်ချင်သူများကပါ အချိန်ပြည့် နားစွင့်ခံနေရသော entertainment တစ်ခုလည်းဖြစ်ပါသည်။
ယခင်က အနုပညာရှင်တစ်ချို့  တွဲခုတ်နေသော သတင်းတစ်ချို့ထွက်ပေါ်ခဲ့ပြီး ယခုအခါ ထင်ကြေးပေးနေကြသော သတင်းသဲ့သဲ့ကြားရသမျှ အငမ်းမရလိုက်လံ ဖမ်းယူအသံလွှင့်ချင်နေသူများကိုလည်း တွေ့နေရပါသည်။ ထိုအနုပညာရှင်များ၏ ကမ္ဘာလှည့်ဖျော်ဖြေမှုများ၊ လှုပ်ရှားမှုများကို တွေ့ချင်မြင်ချင်ကြသော ပရိတ်သတ် အင်အားမှာလည်း မနည်းလှချေ။

သို့သော် ယခုနောက်ဆုံးရသတင်းတွင် SM entertainment သည် အဖွဲ့အစည်းလက်အောက်ရှိ အနုပညာရှင်များ၊ ၀န်ထမ်းများနှင့် အတူ ဂျယ်ဂျူကျွန်းသို့ workshop တစ်ခုအနေနှင့် သွားခဲ့ပါသည်။ workshop ဟုဆိုသော်လည်း တစ်နှစ်တာပတ်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ကြသော အနုပညာရှင်များနှင့် ၀န်ထမ်းများကို အပျော်ခရီးပေးထွက်သည့် သဘောပင်ဖြစ်သည်။
ယခင်နှစ်ကလည်း ဟာဝိုင်အီသို့ ခရီးထွက်ခဲ့ကြပြီး အဖွဲ့သားအားလုံးအတွက် ဟိုတယ်တစ်ခုလုံးငှားပေးခဲ့သည်ဆိုသော် သတင်းများထွက်လာခဲ့သည်။ ယခုအခါလည်း ယခင်နှစ်ကဲ့သို့ အပန်းဖြေခရီးထွက်ကြခြင်းပင်။

Ad By Noon VR Myanmar

ရေကူး၊ ရေလွှာလျှောစီး နှင့် အခြားသော ပျော်ရွှင်ဖွယ်ရာဂိမ်းများကို company ရှိ အနုပညာရှင်များ ၀န်ထမ်းများ စိတ်ကြိုက်ဆော့ကာ အပမ်းဖြေ အနားယူစေရန်အတွက် စီစဉ်ပေးခဲ့ကြပါသည်။

ယခုနှစ်တွင် company မှ လူများအားလုံးပျော်ပါးနိုင်ရန် ကိုရီးယားနိုင်ငံအတွင်းမှ အထင်ကရ နေရာဖြစ်သည့် ဂျယ်ဂျူကျွန်းကို ရွေးခဲ့ကြဟန်တူသည်။ ဇွန်လ ၁၄ ရက်မှထုတ်ပြန်ထားသော သတင်းများအရ အနုပညာရှင်များ အပါအ၀င် ၀န်ထမ်းပေါင်း ၉၀၀ ကျော်အတွက် ပျော်ပွဲရွှင်ပွဲများ စီစဉ်ပေးခဲ့ကြသည်ဟု သိရပါသည်။

အမှန်တကယ် SM entertainment ၏ရည်ရွယ်ချက်မှာ ဒေသတွင်း ခရီးသွားလုပ်ငန်းတိုးတက်စေရန်၊ နိုင်ငံခြားမှ ခရီးသွားများတိုးတက်လာစေရန်နှင့် ဂျယ်ဂျူကျွန်း၏အလှတရာများကို လူများပိုမိုသိလာစေရန်အတွက် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ယခုတစ်ခေါက်တွင် NCT, EXO, SNSD, Red Velvet နှင့် တခြား အဖွဲ့များ company ၀န်ထမ်းများ၊ သရုပ်ဆောင်များ၊ မော်ဒယ်များကိုပါ အနားယူလိုက်ပါခွင့်ပေးခဲ့ပါသည်။
ပရိတ်သတ်များကလည်း ရုတ်ရုတ်သဲသဲနှင့် ကိုယ့် idol သူ့ idol အပြိုင်အဆိုင် ဓါတ်ပုံရိုက်ကြလွန်းသဖြင့် အနုပညာရှင်များမှာမလွတ်မလပ်သဖြင့် ဓါတ်ပုံမရိုက်ကြရန် တောင်းဆိုယူရသည်အထိပင်ဖြစ်ခဲ့ပါသည်။

EXO မှ Baek Hyun ဆိုလျှင် fan တွေအား “ကိုယ် ဒီကို အပန်းဖြေဖို့အတွက်လာခဲ့တာပါ. ကြည့်လို့လဲမကောင်းနေပါဘူး..ပြီးတော့ မင်းတို့လေးတွေ ဒီလိုပုံတွေရိုက်နေတာ မဟုတ်သေးဘူးထင်တယ်.. မင်းတို့လေးတွေ ချစ်ကြလို့ ဒီလိုလုပ်မှန်းသိပါတယ် ဒါပေမယ့် ဒီအတိုင်ေးလးပဲ ထားထားပေးပါလား” ဟု Instagram post တွင် comment ရေးသားပြီး တောင်းဆိုခဲ့ရပါသည်။

တခြားလိုက်ပါကြသူ အနုပညာရှင်များကလည်း social media များတွင် fan များ အပျော်ကူးစက်စေရန် ပုံများဝေမျှခဲ့ကြပါသည်။

ကဲ .. စာဖတ်နေတဲ့ ပရိတ်သတ်ကြီးရော အခုလို ပျော်စရာကောင်းသည့် ခရီးမှာ ပါဝင်ဆင်နွှဲချင်စိတ်ဖြစ်မယ်လို့ ထင်မြင်မိပါတယ်နော်။

အောက်မှာ အနုပညာရှင်တွေ ဝေမျှခဲ့တဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်.. အားလုံး ပုံလေးတွေကြည့်ရင်း ကိုယ်ချစ်တဲ့ အနုပညာရှင်နဲ့တူတူ လိုက်ပါစီးမြောခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Post By : Chan Myat Noe

ဒါကတော့ EXO က xiumin နဲ့ NCT က Mark ပါ
ဒါကတော့ Girl Generation အဖွဲ့မှ Yoona ရဲ့ IG မှာတင်ထားတဲ့ပုံလေးပါ .. acc name လေးတွေလဲပါလို့ မသိသေးတဲ့သူများ အမြန်ပြေးလို့ follow လုပ်လိုက်ကြရအောင်လား .
ရယ်စရာလဲကောင်း ပျော်စရာလဲ ကောင်းမှာ အသေအချာပဲနော် .. လူတွေလည်း အများကြီးပဲ
ဒါကတော့ အုပ်စုလိုက်ကြီး ရိုက်ထားတဲ့ပုံလေးပါ
ဒါကတော့ EXO က xiumin နဲ့ NCT က Mark ပါ
ဒါကတော့ Baek hyun ကနေ ဓာတ်ပုံတွေမရိုက်ကြတော့ဖို့ တောင်းဆိုထားတာလေးပါ ..

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *