Running Man TV Series အကြောင်း

Running Man အဖွဲ့ဝင် ၈ ဦး

 

Running Man လို့ပြောလိုက်တာနဲ့ တော်တော်များများသိနေလောက်ပါပြီ….တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်အကျော်အကြားဆုံးအစီအစဉ်တစ်ခုဖြစ်ပြီး Good Sunday အနေဖြစ် တောင်ကိုရီးယားစံတော်ချိန် ၆နာရီ၁၅မှာ SBS ရုပ်သံလိုင်းက ထူတ်လွင့်ပြသပါတယ်။
“Don’t Walk, Run!”ဆိုတဲ့ဆောင်ပုဒ်ကိုတော့ Running Man ပရိသတ်တွေကတော့ သိပြီးလောက်ရောပေါ့။
Running Manအစီအစဉ်ဟာဆိုရင်ဖြင့် (၂၀၁၀ ခုနှစ် ၇လပိုင်း ၁၁ရက်နေ့)မှာ အဖွဲ့ဝင် ယောက်ျားလေး ၇ယောက်နဲ့စတင်ဖွဲ့စည်းခဲ့ပါတယ် ။
နောက်ပိုင်းတွင် အဖွဲ့ဝင်အနည်းငယ်အပြောင်းအရွေ့ရှိခဲ့ပြီး ယခု ၇နှစ်နီးပါရှိပါပြီ..။ Running Man ဟာ တောင်ကိုရီးယားနိုင်ငံရဲ့အရှည်ကြာဆုံး variety showတွေထဲကတစ်ခု ဖြစ်ပါ တယ် ။
ယခုအခါ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ Yu Jae-suk (ယူဂျယ်ဆော့), Ji Suk-jin(ဂျီဆော့ဂျင်), Kim Jong-kook(ကင်မ်ဂျုံးဂု),Kang Gary(ဂန်ဂယ်ရီ), Ha-ha(ဟားဟား), Song Ji-hyo(ဆုန်းဂျီဟို)နဲ့ Lee Kwang-soo(လီဂွမ်ဆူ)တို့ပဲ ဖြစ်ပါတယ် ။

(မှတ်ချက်။ ။ season 1 အတွက်သာလျင်ဖြစ်ပါသည်)

(၁) – ယူဂျယ်ဆော့

အနုပညာလောကမှာ ယူဂျယ်ဆော့ ၊ MCယူအဖြစ် လူသိများပါတယ် ။ Running Manအဖွဲ့သားတွေကတော့ ယူ့စ်ဝီလီ ၊ အကဘုရင်ယူ ၊ ဆဲမ်ဘာယူ ၊ နှံကောင် အစရှိတဲ့နာမည်ပြောင်တွေကို ခေါ်ဝေါ်လေ့ရှိပါတယ် ။ အဖွဲ့ဝင်တွေကြားမှာ ရေသေနတ် စပိုင်အဖြစ် နာမည်ကြီးသူလည်းဖြစ်ပါတယ် ။ (၁၉၇၂)မှာ မွေးဖွားခဲ့လို့ အခုဆို (၄၅)နှစ်ရှိပါပြီ ။
(၂၀၀၈)မှာ သတင်းကြေညာသူ Na Gyung Eun (နာဂေါင်အန်)နဲ့ လက်ထပ်ခဲ့ပြီး Yoo Ji Hoo(ယူဂျီဟူး)ဆိုတဲ့သားတစ်ယောက် ရှိပါတယ် ။

(၂) – ဂျီဆော့ဂျင်

အစ်ကိုနှာခေါင်းကြီး ၊ တောဆိတ်-စတဲ့နာမည်ပြောင်တွေနဲ့ Running Manပရိသတ်တွေ အသိများကြပါတယ် ။ Easy Brotherလို့လည်း ဂွမ်ဆူနဲ့တွဲပြီး အခေါ်ခံရတတ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ နာမည်ဖြဲပြိုင်ပွဲမှာ သူတို့နှစ်ယောက်ကို ဖမ်းရတာ လွယ်ကူလို့ပါ😁😁 ။ Race starter (ပြိုင်ပွဲစတင်သူ) လို့ ခေါ်ရတာကတော့ ပြိုင်ပွဲတော်တော်များများမှာ ပထမဆုံးအဖြဲခံရလေ့ရှိတာကြောင့် သူ အဖြဲခံရပြီး အဖမ်းခံရရင် ပြိုင်ပွဲ စပြီ(race start)-လို့ effect သံကြီးထွက်လာတတ်ပါတယ် ။ (၁၉၆၆)မှာ ဖွားမြင်သူဖြစ်လို့ အသက်(၅၁)နှစ်ရှိပါပြီ ။
Yoo Su Jeong (ယူဆူဂျောင်း)ဆိုသူနဲ့ လက်ထပ်ထားပြီး Ji Hyun Woo(ဂျီဟွန်ဝူး)ဆိုတဲ့သားတစ်ယောက်ရှိပါတယ် ။

(၃) – ကင်မ်ဂျုံးဂု

Turboအဆိုတော်အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့သူပါ ။ အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်ခဲ့သလို Running Manမှာ လည်း ကစားရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ် ။ အဖွဲ့သားတွေရဲ့ကြောက်ရွံ့မှုကို စပါတာဂု ၊ ကွန်မန်ဒါ အစရှိတဲ့ စွမ်းဆောင်ရှင်နာမည်တွေနဲ့ အများဆုံးဖော်ပြခံရသူတစ်ယောက်ပါ ။ ခွန်အားကြီးတဲ့အတွက် ကျားကြီးလို့လည်း တင်စားကြ ပါတယ် ။ ဂျုံးဂုရဲ့အချစ်ရေးကလည်း RMပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်နေပါတယ် ။ အသက်(၄၁)ရှိပြီဖြစ်တဲ့(၇၆)ဖွား-ဂျုံးဂုက ယခုချိန်ထိ လူပျိုကြီးပါ 😀😀 ။ အသက်(၄၀)မှာ အိမ်ထောင်ပြုမယ်လို့ ပြောဖူးခဲ့ပေမဲ့ သိပ်မကြာခင်က အင်တာဗျူးတစ်ခုမှာ (၄၅)နှစ်ရောက်ရင် အိမ်ထောင်ပြုမယ်လို့ ဖြေထားပါတယ်

 

၎) – ဂန်ဂယ်ရီ ဂန်ဂယ်ရီဟာ LeeSsang ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အောင်မြင်ကျော်ကြားတဲ့ rap -တေးရေး/တေးဆိုတစ်ဦးဖြစ်ပါတယ်။ Running Manမှာတော့ Monday Couple အဖြစ် ဂျီဟိုနဲ့တွဲပြီး လူသိများပါတယ် ။ သူနဲ့ဂျီဟိုက ကင်မရာတွေ မရှိတဲ့အချိန်မှာလည်း အလွန်ရင်းနှီးကြတယ်လို့ သိရတော့ အမှန်တကယ် စုံတွဲတွေဖြစ်နေပြီလားဆိုတာ စဉ်းစားချင်စရာပါပဲ ။ (၇၈) မှာ မွေးဖွားခဲ့တဲ့အတွက် အခုဆိုရင် ဂယ်ရီက အသက်(၃၉)နှစ် ရှိပါပြီ ။ (၅) – ဟားဟား (ဟားဒုန်ဟွန်) ဟားဟား ၊ ဟာရိုရိုလို့ ခေါ်ကြပါတယ်။ ကလေးကြီးဆိုပြီး အဖွဲ့ဝင်တွေက ခေါ်ကြပါတယ် ။ (၂၀၁၂)ခုနှစ်မှာ အဆိုတော်(byul)နဲ့ အိမ်ထောင်ပြုခဲ့ပြီး သားလေး(Dream)ကို ပိုင်ဆိုင်နေပြီဖြစ်လို့ အောင်မြင်ပျော်ရွှင်တဲ့အိမ်ထောင်ရှင်ဖြစ်နေပါပြီ။ (၇၉)ခုနှစ်ဖွားဖြစ်တာကြောင့် အသက်ကတော့ (၃၈)နှစ် ရှိပါပြီ ။ (၆) – ဆုန်းဂျီဟို Running Manရဲ့တစ်ဦးတည်းသောမိန်းကလေးဆုန်းဂျီအကြောင်းပါ။ ကျနော်တို့ ငယ်ငယ်တုန်းက MWD မှာပြတဲ့ ဂျူမှုံ ဇာတ်လမ်းတွဲကို သိကြမှာပေါ့ ။ ဂျူမုံရဲ့ဇနီးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ် ။ (၁၉၈၁)မှာ မွေးဖွားခဲ့တဲ့-ဂျီဟိုက အသက်(၃၆)နှစ် ရှိပါပြီ ။ အဖွဲ့သားတွေက သူမကို အူတူတူဂျီလို့ နာမည်ပြောင်ပေးထားပါတယ် ။ သို့သော်လည်း ရွှေနဲ့ပက်သက်သမျှ ပြိုင်ပွဲတွေ ၊ Running Manရဲ့ ဆုတော်တော်များများကို ဂျီဟိုကပဲ သိမ်းပိုက်ထားတာပါ ။ ရွှေဂျီဟိုလို့လဲ ခေါ်ကြပါသေးတယ်။ Monday Couple အဖြစ်လည်း လူသိများကြပါသေးတယ် (၇) – လီဂွမ်ဆူ RM မှာအသက်အငယ်ဆုံးဖြစ်ပြီး သစ်ကုလားအုတ်ဆိုတဲ့နာမည်ပြောင်ကို ရရှိထားသူပါ ။ အာရှမင်းသားလေးတစ်ပါးအဖြစ်လည်း အာရှမှာ နာမည်ကြီးသူပေါ့ ။ Running Man မစ်ရှင်တွေ အာရှနိုင်ငံတွေမှာလာလုပ်ရင် ပရိသတ်တွေက ဂွမ်ဆူ ကို မင်းသားတစ်ပါးလို ကြိုဆိုကြတဲ့အတွက် အဖွဲ့ဝင်တွေတောင် တအံ့တဩဖြစ်ခဲ့ပါတယ်။ သစ္စာဖောက်ဂွမ်ဆူအဖြစ် ပြေါကြပါတယ် ။ ဘာကြောာင့်လဲမေးရင်တော့ Running Manပြိုင်ပွဲတိုင်းလိုလိုမှာ အဖွဲ့သားတွေဟာ သူ သစ္စာဖောက်တာကို တစ်နည်းမဟုတ်တစ်နည်း ခံရလို့ပါ ။ ပြီးတော့ ဂျုံးဂုကို အချိန်ရရင်ရသလို ဖဲ့သူလည်းဖြစ်ပါတယ်။ သူတို့၂ယောက်ဟာလည်း အရမ်းချစ်ကြသူပါ။ (၈၅)ခုနှစ်ဖွားဖြစ်တဲ့အတွက် အသက်(၃၂)နှစ် ရှိပါပြီ ။

Ref:wiki and rm page

Post By : Thomas Nicolas Acm

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *