နွေနှောင်းoဿ န်

164 total views, 4 views today

နွေနှောင်းဝဿ        န်      ကိုနားထောင်ရင်းနဲ့

ဦးသုခဆီစိတ်က ရောက်သွားပြန်တယ်။ စာရေးဆရာ

ဖြစ်ချင်လွန်းလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျိုက်လတ်ကနေ

ရန်ကုန်ကို ထွက်လာခဲ့သူ ဇာတ်ညွှန်းရေးဆရာဘဝကနေ

ဒါရိုက်တာဖြစ်လာပြီး အကယ်ဒမီရွှေစင်ဆုများစွာ

(ထိုက်ထိုက်တန်တန်) ရခဲ့သူ။ သူ့ရဲ့ဟောပြောပွဲတိုင်းမှာ-

” အိမ်ပြန်ရောက်ရင် အမေကို ရှိခိုးပြီးမှ အိပ်ကြပါ။

ငါလိမ္မာလို့ ပြောနေတာမဟုတ်ဘူး။ ငါမိုက်ခဲ့လို့

မင်းတို့ငါ့လို မဖြစ်အောင်သတိပေးနေတာ” လို့

အမြဲသတိပေးဆုံးမနေကျ။

အကျော်ဒေးယျဗုဒ္ဓသမီးတော်များ မေတ္တသုတ်

မင်္ဂလသုတ် ဇေယျတုသဗ္ဗမင်္ဂလံ သည်ဆောင်းဟေမာန်

လောကနီတိလို ပြောင်မြောက်တဲ့စာတွေရေးခဲ့တာအပြင်

ဦးသုခကို သိပ်သဘောကျမိတာတစ်ခုကသူမှားနေရင်

ဝန်ခံတတ်ပြီးအမှားကို ပြင်ဖို့ကြိုးစားတတ်တာကြောင့်ပါ။

“ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ငွေဆိုတာရေလိုသုံးရင်

တပြည်လုံးမှာ လုပ်သမျှတင့်တယ် ယောက္ခမကြီးက

မျက်နှာချိုတယ် ကျွန်တော့်မယားကစေတနာပိုတယ်

ဟယ် သောက်မယ် ရမ်းမယ် လမ်းလယ်မှာဆဲဆဲ

လူကိုတွဲလို့အိမ်ထဲခေါ်မယ် လူမှာသာငွေမရှိရင်

လင်ယူမိတာနာတယ်ထင်မယ်”

ဒီသီချင်းကို သူရေးမိတာမှားကြောင်း ဦးသုခက

ဟောပြောပွဲတွေမှာကြုံတိုင်း တောင်းပန်လေ့ရှိတယ်။

သီချင်းက အနုပညာမြောက်တယ် ရသမြောက်တယ်။

ဒါပေမဲ့ သီချင်းရဲ့ ရည်ရွယ်ချက်က အိမ်မှာတစ်ခုခု

အဆင်မပြေတိုင်း အရက်သောက်ပြီး ရမ်းကား

အရွဲ့တိုက်ဖို့ မြှောက်ပေးနေတဲ့ သဘောလေးပါနေတယ်။

(တကယ်လည်း အရက်သမားတွေကလည်း မူးရင်

ဒီသီချင်းဆိုကြပါသတဲ့။) ရုပ်ရှင်ထဲက ဇာတ်ကောင်ကို

အားမကျပါနဲ့လို့ ဦးသုခတောင်းပန်ရှာတယ်။

အနုပညာတော့မြောက်တယ် ဒါပေမဲ့ ရိုးရိုးမဟုတ်ဘဲ

အနုပညာအဆိပ်ဖြစ်နေတဲ့အခါ ပရိသတ်ကသူ့ဘာသာ

လိုရာဆွဲယူတာ ငါနဲ့မဆိုင်ဘူးလို့ တာဝန်မဲ့မနေဘူး။

ဂုဏ်ရည်မတူကို ရိုက်တုန်းကလည်း အမှားပါခဲ့သေးတယ်။

မေသစ်မေ့မျောသွားပြီး လိပ်ပြာလွင့်သွားတဲ့အခန်းကို

လှလှပပ ရိုက်ပြထားတယ်။ ဂုဏ်ရည်မတူရိုက်တုန်းက

ဦးသုခ အသက်ငယ်ပါသေးတယ်။ ရင့်ကျက်လာပြီး

ပညာဗဟုသုတစုံလာချိန်မှာ အယူအဆမှားခဲ့တာကို

သဘောပေါက်ပြီး ပြန်တည်းဖြတ်လိုက်ပါသတဲ့။

ဇယဒိသကိုရိုက်တုန်းက စစ်အင်္ဂါလေးပါးကို

ခင်းကျင်းတဲ့အခန်းမှာ အစီအစဉ်မှားနေတာကို

ဖြတ်လျှောက်တစ်ယောက်က ထောက်ပြတဲ့အခါ

ခေါ်ပြီးကျေးဇူးတင်စကားပြောရင်း ဆုချပါသေးသတဲ့။

ဒီလို ပညာကိုတလေးတစားရှိလို့ သုခမှတ်စုကို

ရေးနိုင်တာ ထင်ပါရဲ့။

Seven Samuraiကို ရိုက်ခဲ့တဲ့

အကီရာကူရိုဆာဝါကြီးလည်း ဒါမျိုးကြုံခဲ့ဖူးတယ်။

ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁ ဒဿ       မ ၁သန်းဆိုတာ

နလန်ထူစဂျပန်ပြည်အတွက် မနည်းလှဘူး။

Seven Samurai ရဲ့နောက်ဆုံးတိုက်ပွဲခန်း

ရိုက်ခါနီးမှာမှ အတော်ဆိုးရွားတဲ့ အမှားကြီး

သွားတွေ့တယ်။ သူတို့ရိုက်လာသမျှအခန်းတွေမှာ

ဓားကိုင်ပုံတွေက တလွဲတွေဖြစ်နေတယ်။ ဒီနယ်က

ဆာမူရိုင်းတွေရဲ့ ဓားကိုင်ဟန်မဟုတ်ဘူး။

သခင်မဲ့ဆာမူရိုင်း ရိုနင်တွေရဲ့ ဓားကိုင်ဟန်ကလည်း

မှားနေတယ်။ ထုတ်လုပ်သူတွေက အမှားကို မပြင်ဘဲ

လုံးချလိုက်ဖို့ တိုက်တွန်းတယ်။ နောက်ဆုံးခန်းမှ

ဓားကိုင်ပုံတွေ ပြင်လိုက်လည်းရတယ်လို့ ဒါရိုက်တာ

ကူရိုဆာဝါကြီးကို နားချတယ်။ပြန်ပြင်မယ်ဆိုရင်

အခန်းတော်တော်များများ ပြန်ရိုက်ရမယ်။

ဒီဂျစ်တယ်ခေတ်မဟုတ်သေးတော့ သိပ်ပင်ပန်းမယ်။

ကူရိုဆာဝါက မရဘူး ပြန်ရိုက်မယ် အမှားအတိုင်း

မလွှတ်ပေးနိုင်ဘူးတဲ့လေ။ Toho Studioက

စိတ်ဆိုးဆိုးနဲ့ ရိုက်ကူးရေးကို နှစ်ကြိမ်လောက်

ရပ်ပစ်တယ်။ ကူရိုဆာဝါကလည်း မလျှော့ဘူး။

ရိုက်ကွင်းရပ်ထားတုန်းမှာ စာဖတ်တယ် ငါးမျှားတယ်။

” ဆာမူရိုင်းဖြစ်ပြီး ဓားကိုင်ပုံတောင်မှန်အောင်

ရိုက်မပြရင် ကမ္ဘာမှာအရှက်ကွဲလိမ့်မယ်”

နောက်ဆုံးတော့ ထုတ်လုပ်သူတွေကပဲ

အလျှော့ပေးလိုက်ရတယ်။ ထုတ်လုပ်သူနဲ့ဒါရိုက်တာ

အားပြိုင်ပွဲကြောင့် နောက်ဆုံးတိုက်ပွဲခန်းက

နွေဦးမှာ ရိုက်ဖို့ စီစဉ်ထားရာကနေ ဆောင်းတွင်းမှ

ရိုက်ခဲ့ရပါတယ်။ တချို့ကလည်း မှားမှန်းသိရင်

ပြင်ဖို့ကြိုးစားတယ်။ အမှားကို သိရင်ဝန်ခံတယ်။

သူတော်ကောင်း လက္ခဏာလို့ ပြောလို့ရသလို

သိက္ခာရှိတဲ့ ဆုံးဖြတ်ချက်လည်းဖြစ်တယ်။ မှားမှန်း

သိရက်နဲ့ ဆက်လုပ်တဲ့သူဟာ ထပ်မှားဖို့

အဆင်သင့်ဖြစ်နေတတ်တယ်။

ကိုယ်တွေငယ်ငယ်က သည်းသည်းလှုပ်

ကြိုက်ခဲ့တဲ့ Rurouni Kenshinကို မကြာမီကပဲ

Triologyအဖြစ် WBက ကြီးကြပ်ပြီး ရုပ်ရှင်

ရိုက်ခဲ့တယ်။ ဆာမူရိုင်းကားပါပဲ။ ကူရိုဆာဝါကြီးရဲ့

Seven Samuraiက ကမ္ဘာ့ဂန္ထဝင်ဖြစ်တဲ့အထိ

အောင်မြင်သလို Kenshin (Live Action)ကလည်း

အတိုင်းအတာတစ်ခုအထိအောင်မြင်တယ်။

Kenshinအဖြစ် သရုပ်ဆောင်တဲ့တာကီရူဆာထိုက

အင်တာဗျူးတစ်ခုမှာ ဖြေထားတယ်။

” ဒီရုပ်ရှင်မရိုက်ခင် ၆လလောက်ကတည်းက

ဒိုဂျိုနေ့တိုင်းသွားပြီးလေ့ကျင့်ခဲ့တယ်။

စကျင့်ကာစက လက်တွေဖူးရောင်ပြီး

ကွေးလို့ဆန့်လို့တောင်မရဘူး။

ဓားတောင်မကိုင်တတ်ဘဲ ဆာမူရိုင်းအဖြစ်

သရုပ်မဆောင်ချင်ဘူး။ အမှားတွေအများကြီးနဲ့

သရုပ်ဆောင်လိုက်ရမှာကိုကျွန်တော်မနှစ်မြို့ဘူး”

စိတ်ထဲမှာသဘောကျသွားတယ်။ မျိုးဆက်တစ်ခု

ကွာသွားပေမယ့် ခံယူချက်ကောင်းတွေ မပျောက်

သေးပါလားလို့လည်း အားကျမိတယ်။ဘာကြောင့်မှန်းမသိ

ဦးသုခကို ပြန်သတိရပြီး ဝမ်းနည်းသလိုလိုလည်းဖြစ်မိတယ်။

Elvis Maung

( Takeru Satohရဲ့အင်တာဗျူးဗီဒီယိုဖိုင် Youtubeမှာရှိပါတယ်)

Post By : Elvis Maung

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *