အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ ကွန်ပျူတာ Hardware ပိုင်း စိတ်ဝင်စားသူတွေနဲ့ နည်းပညာသမားတွေအတွက်

အသုံးဝင်မယ့် သေးသေးကွေးကွေး Portable App လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

နာမည်ကိုတော့ “My PC Info” လို့ ပေးထားပါတယ်။

 

ဒီ App လေးက ဘာတွေလုပ်ပေးနိုင်လဲ?

My PC Info ဟာ နာမည်ကြီး CPU-Z လိုမျိုးပဲ မိမိကွန်ပျူတာမှာ တပ်ဆင်ထားတဲ့

Hardware အစိတ်အပိုင်းတွေရဲ့ အချက်အလက် (Info) တွေကို အလွယ်တကူ ဆွဲထုတ်ကြည့်ရှုနိုင်တဲ့ Software လေးတစ်ခုပါ။

 

အသေးစိတ် အချက်အလက်များ: CPU, Mainboard, Memory (RAM) နဲ့ Graphics (GPU) စတဲ့ အပိုင်းတွေကို Tab တွေနဲ့ သပ်သပ်ရပ်ရပ် ခွဲခြားပြသပေးပါတယ်။

 

Sensors ပါဝင်မှု: လက်ရှိ အသုံးပြုနေတဲ့ CPU နဲ့ RAM ရာခိုင်နှုန်း အပြင် GPU ရဲ့ အပူချိန် (Temperature) ကိုပါ အချိန်နဲ့တစ်ပြေးညီ စစ်ဆေးနိုင်ပါတယ်။

 

Portable ဖြစ်ခြင်း: Install လုပ်စရာမလိုဘဲ ဖိုင်လေးကို နှိပ်လိုက်တာနဲ့

တိုက်ရိုက်ပွင့်လာမယ့် Portable (.exe) အမျိုးအစားဖြစ်ပြီး၊ မျက်စိပသာဒဖြစ်စေမယ့်

Dark Theme နဲ့ ဖန်တီးထားပါတယ်။

 

App Preview

=========

 

AI ဖြင့် ဖန်တီးမှုအကြောင်း ဝန်ခံချက်

======================

ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်တာလေးတစ်ခုကတော့ ဒီ Software လေးကို ကျွန်တော် သစ်ဆန်းခန့် (Thit San Khant) ဘက်ကနေ

လိုချင်တဲ့ အိုင်ဒီယာ၊ ဒီဇိုင်းပုံစံနဲ့ ပါဝင်ရမယ့် လုပ်ဆောင်ချက် (Features) တွေကိုသာ စဉ်းစားပုံဖော်ခဲ့တာဖြစ်ပြီး၊ နောက်ကွယ်က

ရှုပ်ထွေးတဲ့ Python Code တွေ ရေးသားတာကနေ အသုံးပြုလို့ရတဲ့ Portable (.exe) အဆင့်ထိရောက်အောင်

အားလုံးကို AI (Artificial Intelligence) ကသာ အပြည့်အဝ တာဝန်ယူ ဖန်တီးရေးသားပေးထားတာ ဖြစ်ပါတယ်။

 

ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို သေချာခိုင်းတတ်မယ်ဆိုရင် AI က အခုလိုမျိုး

လက်တွေ့အသုံးဝင်တဲ့ App လေးတွေကို အချိန်တိုအတွင်း အလွယ်တကူ

ဖန်တီးပေးနိုင်နေပါပြီဆိုတာကို လက်တွေ့ပြသလိုက်တာလည်း ဖြစ်ပါတယ်။

 

စမ်းသပ်အသုံးပြုကြည့်ချင်သူများ အောက်ပါလင့်ခ်မှာ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

 

Media Fire – Download Link 30 MB