သူဌေးသမက်ဘဝ မှ ပြေးထွက်လာခဲ့သူ

ဦးသောင်းဝင်း မိသားစု

အဖေကတကယ်တော့သူဌေးသမက်တယောက်ပါ။
အမေ့ရဲ့အဖေ ကျနော်တို့အဖိုးက ရွှေဘိုခရိုင် ရေဦးမြို့နယ်ထဲက
တင်းတိန်ရံလို့ခေါ်တဲ့ ရွာမှာ ဆန်စက်သုံးခုရှိတဲ့အထဲက ဆန်စက်
တခုပိုင်ရှင်ပါ။ ဒါပေမဲ့ အဖေက သူဌေးသမက်ဖြစ်ချင်တဲ့လူမဟုတ
ဘဲ ကိုယ်တိုင်သူဌေးဖြစ်ချင်ခဲ့ဟန်တူပါတယ်။အဖေ့ရဲ့အဖေကျနော
တို့အဖိုးကတော့ သူဌေးတယောက်ဖြစ်ခဲ့ပေမဲ့ အဖေတို့လူလား
မမြောက်တမြောက်အရွယ်မှာ စီးပွားပျက်ခဲ့ရှာတယ်လို့သိရပါတယ်။
ပွဲဈေးလိုက်ရောင်းရတဲ့အထိအခြေအနေရောက်ခဲ့တာမို့ အဖေ့ရဲ့
လူငယ်ဘဝဟာ မလှခဲ့ရှာပါဘူး။ ပွဲဈေးလိုက်ရောင်းရတဲ့အခါအနေ
အစားဆင်းရဲခဲ့ရပုံကို ကြုံကြိုက်တဲ့အခါပြန်ပြောပြလို့ တစွန်းတစ
သိခဲ့ရပါတယ်။ပညာလဲတပိုင်းတစနဲ့ ဆက်မသင်နိုင်တော့ဘဲ
ဘဝတက္ကသိုလ်ကို ကြားဖြတ်ရောက်လာခဲ့ရပါတော့တယ်။
အမေနဲ့အိမ်ထောင်ကျတော့လဲ ပညာတပိုင်းတစနဲ့
စီးပွားကျမိသားစုကလာတဲ့အဖေဟာ မျက်နှာငယ်ခဲ့ရဟန်တူပါရဲ့။
ယောက်ခမရဲ့ဆန်စက်မှာ တာလီစာရေးလိုလို စပါးကြိုပွဲစားလိုလို
တောက်တိုမယ်ရဘဝနဲ့ဖြတ်သန်းလာခဲ့ရင်း အကိုနဲ့ကျနော်တို့ရဲ့
ရှေ့ရေးကိုတွေးပူလာခဲ့ပါတော့တယ်။ဒီသားနှစ်ယောက်ကိုတော့
ဟိုမရောက်ဒီမရောက် အဖြစ်မခံနိုင်ဘူး ရွာမှာဆက်နေလို့လဲ
ရွာသားလေးတွေဘဲဖြစ်ကြတော့မယ်။ဒို့တော့မြို့တက်မှဖြစ်တော့
မယ်လို့ဆုံးဖြတ်ပြီး လွယ်အိပ်တလုံးနဲ့မုံရွာမြို့က ငယ်သူငယ်ချင်း
ဦးလူရင်ဆီကို မြို့ပြလေ့လာရေးခရီးစဉ်ထွက်ပါတော့တယ်။ငယ်
သူငယ်ချင်းဦးလူရင်ရဲ့ စိတ်ရောကိုယ်ပါအားပေးကူညီမှုနဲ့ဘဲမုံရွာမြို့
ကို အဖေနဲ့ကျနော်တို့ မိသားစု ရောက်လာခဲ့ကြပါတော့တယ်။
မြို့ရောက်ခါစ ပွဲစားငယ်ဘဝမှာလဲ အခက်အခဲမျိုးစုံနဲ့
ကြုံခဲ့ရပေမဲ့ အဖေ့ရဲ့ဇွဲသတ္တိကို လောကဓံဟာတဖြေးဖြေးအရှုံးပေး
လာခဲ့ရပါတော့တယ်။ပညာဆုံးခန်းမတိုင်ဘွဲ့မရခဲ့ပေမဲ့ အဖေ့ရဲ့စီးပွား
ရေးနည်းဗျူဟာတွေဟာ သိတ်ပညာရှင်ဆန်တယ်ဆိုတာ ကျနော်
ပြန်စဉ်းစားကြည့်ရင်းနဲ့ သိလာခဲ့ရပါတယ်။ အဖေ့ထက်အရင်စောစွာ
မြို့ကိုရောက်နှင့်နေကြတဲ့ ပွဲစားကြီးတွေဟာအရှိန်ရအောင်မြင်နေ
ကြပြီမို့ သူတို့ပွဲရုံကိုဆန်လာချတဲ့ ကုန်သည်တွေကိုငွေကြေး
ဖေါဖေါသီသီထုတ်ပေးရှင်းပေးနိုင်ကြပေမဲ့ အဖေကသူတို့လိုမပေး
နိုင်ပါဘူး။အဲဒီမှာအဖေက သူ့နည်းဗျူဟာတွေကို စတင်ပါတော့
တယ်။တမြို့လုံးမှာရှိတဲ့ ဆီ ဆား ငရုတ်ကြက်သွန် ငါးပိငါးခြောက်
ပွဲရုံတွေ သံသွပ်စက်ပစ္စည်း ဒီဇယ် ဓာတ်ဆီ နဲ့ ရွာကလူတွေဝယ်
တတ်တဲ့ပစ္စည်းဆိုင်မှန်သမျှ ကို စက်ဘီးလေးတစီးနဲ့ ပတ်ပါတော့
တယ်။ပြီးတော့ သူ့ကိုယ်သူမိတ်ဆက်ပါတယ် ကျနော်ဆန်ပွဲစား
မြမောင်ပါ အုံးခြံရပ် ညောင်တပင်လမ်းမှာကျနော့ဆန်ပွဲရုံရှိပါတယ်
ကျနော့်ဆန်ကုန်သည်တွေက ပစ္စည်းဝယ်တဲ့အခါခင်ဗျားတို့ဆီက
ပစ္စည်းဝယ်ဖြစ်အောင်ကျနော်လွှတ်ပေးပါမယ်။ခင်ဗျားတို့ကလဲဈေး
လျှော့ပေးပါ ငွေကိုလဲကျနော်ကတာဝန်ခံရှင်းပေးပါမယ်။ဒါပေမဲ့
ငွေကိုတော့ချက်ချင်းလက်ငင်းအပြေအကျေမယူပါနဲ့ ကျနော်ငွေဝင်
ရင်ဝင်သလို ချေပေးပါမယ်။ဒါကိုတော့လိုက်လျှောပေးပါ ကျနော်
မှန်မှန်ကန်ကန်နေ့စဉ်ပေးနေမှာပါလို့ လိုက်ပြောပါတယ်။

 

09 254 490 409
Facebook page : NOON VR Myanmar
35000 Ks Only In Myanmar

1956 /1957 လောက်ကအသက် 39 နှစ်
အရွယ် လူလတ်ပိုင်းတယောက် မုံရွာမြို့ပေါ်က
ပွဲရုံပေါင်းစုံကို ဟမ်းဘားစက်ဘီးတစီးနဲ့လှည့်ပြီး
သူ့ဆန်ပွဲရုံကိုလူအများသိရှိရေး တခြားပွဲရုံ
တွေက ပစ္စည်းတွေကိုအရစ်ကျ ဝယ်နိုင်ဘို့ နဲ့
သူ့ပွဲရုံကဆန်ကိုလဲ အရစ်ကျ ငွေချေ စံနစ်နဲ့
ရောင်းချ ပေးမဲ့အကြောင်း လှည့်ပြီး ဈေးကွက်
စီးပွားရေးထိုးစစ်ဆင်ပါတော့တယ်။သူဝယ်မဲ့
ဆီ ဆား ဆေး လူသုံးကုန်ပစ္စည်း အိမ်ဆောက်
ပစ္စည်းဆိုင်တွေကအကျိုးဆောင်ခကော်မရှင်
ပေးပေမဲ့ အဖေကမယူဘဲ ဝယ်သူရဲ့ဈေးနှုံးမှာ
ဘဲ ဈေးလျှော့ပေးခိုင်းစေခဲ့ပါတယ်။ငါ သူ့ဆန်
ရောင်းရတဲ့အပေါ်ကပွဲခတခါယူခဲ့ပြီးပြီ သူဈေး
ဝယ်တဲ့အထဲက ပွဲခတခါထပ်ယူရင် နှစ်ခါစား
မတရားယူသလိုဖြစ်မယ်ဆိုပြီးမယူခဲ့တာလို့
နောက်မှပြန်သိခဲ့ရပါတယ်။ဒီလိုကြိုးစားနေရတာက ကုန်သည်တွေဆန်အိတ်လာချ ရင် သူ
များပွဲရုံတွေလို ၅၀ိ/ ၁၀၀ိ/ အသုံးငွေ ထုတ်
မပေးနိုင်လို့ပါ။
ဆန်ကုန်သည်တွေက ဆန်အိတ်ချ
ပြီးရင် ငွေအသုံးထုတ်ချင်ပါတယ်။သူတို့လိုအပ်
တာတွေ ဝယ်ဘို့ပါ။အဲဒီမှာ အဖေက ငွေမလိုပါ
ဘူး မင်းဘာလိုချ င်သလဲကြိုက်တဲ့ပစ္စည်းဆိုင်
သွားလိုက် ငါလက်မှတ်ရေးပေးလိုက်မယ်။ငါ
ပွဲရုံက လက်မှတ်နဲ့ဆိုရင် သူများတွေငွေလက်
ငင်းပေးဝယ်တာထက်ဈေးချို စေရမယ်ဆိုပြီး
သူ့လက်မှတ်တွေကိုငွေလိုတန်ဘိုးရှိလာအောင်
အသက်သွင်းပါတော့တယ်။တကယ်လဲသူ့ လက်မှတ်နဲ့ ဝယ်တဲ့လူတွေက ပစ္စည်းတွေကို
ဈေးချိုချို နဲ့ရပါတယ်။အဖေရမဲ့ကော်မရှင်က
ဈေးနှုံးထဲမှာပြန်နှုတ်ထားတဲ့အပြင် ပစ္စည်းဈေး
ကလဲ ဆိုင်အနှံ့ရှောက်မေးအချို သာဆုံးဖြစ်
အောင်ဆစ်ထားသေးတာကိုး ဒီတော့ဈေးချို ပြီ
ပေါ့။အဲဒီလိုနဲ့ အဖေ့လက်မှတ်ကလေးတွေဟာ
တဖြေးဖြေးတန်ဘိုးရှိ ဂုဏ်သိက္ခာရှိစွာနဲ့ ငွေ
စက္ကူ လိုဖြစ်လာပါတော့တယ်။
ဂုဏ်သိက္ခာဆိုတာ ငွေထက်တန်ဘိုးရှိတယ်။ဂုဏ်သိက္ခာရှိရင် ငွေမပါဘဲလုပ်နိုင်
တာတွေရှိတယ်ဆိုတာ လက်တွေ့လုပ်ပြသွားခဲ့
တာတွေပါ။ကျ နော်အဖေအရွယ်ရောက်မှအဖေ
ရုန်းကန်လှုပ်ရှားခဲ့တာတွေ တစိမ့်စိမ့်ပြန်တွေး
ရင်းနဲ့မှ တရေးရေးပြန်မြင်လာခဲ့ တာတွေပါ။
သူတို့ခေတ်က ဈေးကွက်စီးပွားရေး စီးပွားရေး
မဟာဗျူ ဟာနည်းဗျူ ဟာ အရောင်းမြှင့်တင်ရေး
ကုန်စည်ဖလှယ်ခြင်းနည်းပညာ မိမိလုပ်ငန်း
ကြော်ငြာခြင်း ဆိုတဲ့စကားလုံးတွေမပေါ်သေး
ပါဘူး။ ရိုးသားစွာကြိုးစားခဲ့ကြတာပါ။အဖေ
မကွယ်လွန်ခင်အထိ ယူကြုံးမရ တဖွဖွပြော
တတ်တဲ့ စကားတခွန်း ရှိပါသေးတယ်။မင်းတို့
ခေတ်ကျ မှ ပွဲစား ဆိုတဲ့လူတန်းစားဟာအနိမ့်
ဆုံးအဆင့်ကို ရောက်သွားတယ်ကွာ တဲ့။
ကလေကချေ လူလိမ်လူကောက်
ဂုဏ်သိက္ခာမဲ့ဖြစ်သွားရတယ်။ပွဲစားမလို တဲ့
တိုက်ရိုက်ဆက်သွယ်ပါရန်တဲ့။ပြဲစားမ် ားလာ
ရောက်မေးမြန်းခြင်း သည်းခံပါ တဲ့။ငါပွဲစား
တသက်လုံးလုပ်လာတာ ငါ့ကိုဘယ်ကုန်သည်
ဘယ်ဝယ်သူရောင်းသူ ကလန်ကဆန်ပြန်ပြော
နေတာ မင်းတွေ့ဘူးသလဲလို့မေးဘူးပါတယ်။ငါကလဲ ငါ့ပွဲရုံထဲဆန်တအိတ်ချ လိုက်တာနဲ့
အဲဒီဆန်ကုန်သည်ဆီက ပွဲခ ၂၅ါး(နှစ်ဆယ့်
ငါးပြား ) ငွေတမတ် ငါယူတော့မယ်။ အဲဒီလူနဲ့
သူ့မိသားစုရဲ့ စီးပွားရေး ကျ န်းမာရေး လူမှုရေး
ကိစ္စအဝဝဟာ ငါ့မှာတာဝန်ရှိတယ် လို့ငါခံယူ
တယ်။ဆန်လာရောင်းရင်း သူ့ကိုကြည့်ရတယ်
ဟေ့ကောင် မင်းကြည့်ရတာကျ န်းမာရေး
ကောင်းပုံမရဘူး ဘယ်ဆရာဝန်ဆီသွားလိုက်
ငါကလွှတ်လိုက်တယ်လို့ပြော သေချာစစ်ပေး
လိုက်လိမ့်မယ်။ဟိုနေ့ကမင်းမိန်းမရန်ဖြစ်တယ်
သူများကိုရိုက်တယ်ပြောသံကြားတယ် နောက်
မဖြစ်စေနဲ့ ဖြစ်ရင်လဲမင်းဝင်မပါနဲ့ သူတို့ချ င်း
ဖြစ်တာကအရေးမကြီးဘူး ယောင်္ကျားတွေဝင်
ပါလို့ လက်လွန်ခြေလွန်ဖြစ်ရင်ဒုက္ခရောက်ကုန်
မယ်။မင်းမိန်းမကိုပြောလိုက် ငါကမှာတယ်လို့
ကိုယ့်ယောင်္ကျားကို ကိုယ်ထောင်ထဲထည့်သလို
ဖြစ်သွားမယ် လို့။သူတို့မိန်းမခြင်းက စရုံ စတာ
ယောင်္ကျားတွေလက်လွန်တော့ မင်းဘဲထောင်
ထဲရောက်သွားမှာသိရဲ့လား။မင်းတို့မှာက သား
သမီးတွေနဲ့ သူတို့ရှေ့ရေးကရှိသေးတယ်။မင့်
သားအကြီးကောင် စာတော်တယ်ကြားတယ်
ပညာရေးအားပေး ဒါမှလူတလုံးသူတလုံးပညာ
တတ်ဖြစ်မှ မင်းတို့လိုမဆင်းရဲမှာ ဒီကောင်ရှစ်
တန်းအောင်ရင်ငါ့ပြော ဒီမှာအသင်အပြကောင်း
တဲ့ကျောင်းငါအပ်ပေးမယ်။သားသမီးပညာရေး
အားမပေးရင် နှစ်သလိုဖြစ်သွားမယ် သူတို့
မတိုးတက်ရင်မင်းတို့မှာလဲ တာဝန်မကင်းဘူး။မင့်သမီးငယ် ကျောင်းဆက်မထားတော့စိတ် လေပြီး ကောင်လေးတယောက်နဲ့ဘာလိုလို
ဖြစ်နေသံကြားတယ်နော်။အဲဒီကောင်လေးက
အသောက်အစားမကင်းဘူးလို့ငါကြားတယ်။
အသာအချိုသပ်ပြီး ရှေ့မဆက်အောင်တား
သွားလဲရိုက်လားပုတ်လားမလုပ်နဲ့ခြောက်
ထုတ်သလိုဖြစ်ပြီး လိုက်ပြေးသွားအုံးမယ်။
ကျနော်ကြားဘူးခဲ့တဲ့ သူ့ကုန်သည်
တယောက်မိသားစုရဲ့ ကျ န်းမာရေး လူမှုရေး
တွေကို သူတတ်သလောက် အကြံပေးပြောပြ
နေတာပါ။ငါတို့ခေတ်က ပွဲစားကြီးဆိုရင် အတော်ဂုဏ်ယူကြရတာကွ။ပွဲစားကြီးရဲ့တူပါ ပွဲစားကြီးရဲ့မိတ်ဆွေပါ အဲဒီလောက်အထိကွ
ပွဲစားကလဲ သူ့ဂုဏ်သိက္ခာနဲ့သူမှန်မှန်ကန်ကန်
နေတယ်။မင်းတို့ခေတ်ကျ မှ ပွဲစားဆိုတာရှက်
စရာတောင်ကောင်းနေပြီ လို့မကြေမနပ်ခဏ
ခဏပြောလေ့ရှိပါတယ်။လေ့လာမှတ်သားဖို့
သူတတ်သလိုသင်ပြပေးခဲ့တဲ့ ကျေးဇူးရှင်အဖေ
ကွယ်လွန်တာ ငါးနှစ်တိတိပြည့်တဲ့နေ့ကအပြီး
သတ်အောင်ရေးဘို့ဖြစ်ပေမဲ့ အဆင်မပြေတော့
တဲ့ မျ က်စေ့ကြောင့် ခုမှဆက်ရေးနိုင်လို့ပါ။

တံ ငါ လို ရေ ငုတ်
မု ဆိုး လို တော ဝင်
ဝေ ဟင် မှာ ငှက် လို ဝဲ ပြီး
ရဲ ဝံ့ စွာ လုပ် ကြွေး
ချွေး စက် ရှင် အ ဖေ ဘ ဝ
ဂ ဃ န ဏ သိ ခဲ့ ပါ ပြီ အ ဖေ ။

သောင်းဝင်း
3 .7 .17.

 

Post By : U Thaung Win

Facebook မှ Post များ (၁)

 

ငယ်ငယ်တုန်းက အဖေနဲ့ ကျွန်တော် ခဏခဏ စကားများတဲ့ ကိစ္စတစ်ခုရှိခဲ့ဖူးတယ်…

ဘာလဲဆိုတော့ ရုံးခန်းပေါ့…

အဖေက သူအလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ရုံးခန်းမရှိဘူး…

မနက် ၉ နာရီဆိုရင် ရန်ကင်းက တိုက်ခန်းမှာ သူ့တပည့်တွေအားလုံးနဲ့ ဆုံတယ်…

သူ့တပည့်တွေအားလုံးပေါင်းမှ ၅ ယောက် ၆ ယောက်ပဲ… အဲ့ဒီ့ထက် တစ်ခါမှ မပိုခဲ့ဘူး….

ဘယ်သူက ဘဏ်သွား… ဘယ်သူက သစ်တောရုံးသွား… ဘယ်သူက သစ်လုပ်ငန်းသွား… ဘယ်သူက ဆိပ်ကမ်း… ဘယ်သူက ဘယ်နေ့ နယ်မှာ သစ်သွားရွေးရမယ်… စသဖြင့် တာဝန် ဝေခြမ်းပေးလိုက်တယ်…

ကားလိုမယ့်သူကို ကားထည့်ပေးလိုက်တယ်…

အားလုံးကို CDMA (ခြင်းဖုန်း) တစ်လုံးစီထည့်ပေးလိုက်တယ်…

သူ့တပည့်တွေကလည်း အဲ့ဒီ့ ခြင်းဖုန်းကို သေမလောက်ကြောက်တယ်…

ပြေးလို့မရဘူးလေ… လည်ပင်း ကြိုးကွင်းစွပ်ပေးလိုက်တာ… (ဟုတ်တယ်မလား မ Moe )

သူကိုယ်တိုင်လည်း သွားစရာရှိတဲ့နေရာကိုသွားတယ်…

တစ်ခါတစ်လေ Driver နဲ့သွားတယ်…

အလုပ်များလို့ လူလိုတဲ့နေ့ဆို အဲ့ဒီ့ Driver (Driver ဆိုပေမယ့် အဖေအားကိုးရတဲ့ Manager လိုပါပဲ) ကိုပါ အလုပ်တာဝန်တစ်ခု သီးသန့်ပေးလိုက်ပြီးတော့ သူ့ဘာသာသူ ကားမောင်းသွားတယ်…

သူ့ရုံးခန်းက သူ့ကားပဲ…

သူ့ကားနောက်ခန်းမှာ လိုအပ်တဲ့ စာရွက်စာတမ်းကအစ… နေရာအမျိုးမျိုး အခြေအနေအမျိုးမျိုးအတွက် အဝတ်အစား အမျိုးမျိုး (မြန်မာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ၊ ဘောင်းဘီတို) အကုန်ထည့်ထားတယ်…

ကျွန်တော်ကအဲ့ဒီ့တုန်းက ရှိလှ ၅ တန်း ၆ တန်းပေါ့…

မြန်မာကားတွေထဲမှာဆို ဒီလိုလုပ်ငန်းရှင်ကြီးတွေဆိုတာ ….

မနက်ဆို…

Driver မောင်းတဲ့ကားကို နောက်ခန်းက မိန့်မိန့်ကြီးစီးပြီးရုံးလာ…

ရုံးရောက်ရင် တံခါးဖွင့်ပေးတဲ့သူနဲ့…. အိတ်ပြေးသယ်ပေးမယ့်သူနဲ့…

အနောက်တိုင်းဝတ်စုံကြီးတွေ ကျကျနနဝတ်…

အတာချီကေ့ကြီးဆွဲပြီး ရုံးခန်းထဲဝင်… စုံလည်ထိုင်ခုံကြီးမှာ မိန့်မိန့်ကြီးထိုင်…

ရုံးမှာ ဝန်ထမ်းတွေကလည်း ကိုယ့်စားပွဲနဲ့ ကိုယ် ကိုယ့်ကွန်ပျူတာနဲ့ကိုယ်…

ဒီလိုမြင်နေကြဆိုတော့..

အဖေ့ကို အမြဲအပြစ်တင်တယ်… အဖေရာ Smart ကျကျနေစမ်းပါ… ဒီလိုကြီးနေတာ ရှက်စရာ ကောင်းပါတယ် ဘာညာပေါ့…

အတုမြင် အတတ်သင် မြန်မာကားတွေရဲ့ လွှမ်းမိုးမှုခံရတဲ့ အချိန်ပေါ့…

အဖေကတော့ ဘာမှမပြောပါဘူး ခပ်ပြုံးပြုံးပါပဲ…

သူက တစ်ခုတော့ အမြဲပြောတယ်… ငါ့ကားက ငါ့ရုံးခန်းပဲ… ကြိုက်တဲ့နေရာသွား… ကြိုက်တဲ့ စာရွက်စာတမ်းလို… ငါနဲ့မကွာအမြဲပါတယ်တဲ့…

မိဘဆိုတော့လည်း ပြန်မပြောသာတော့ ဒီလိုပဲ နေလာခဲ့လိုက်တယ်…

အခုကိုယ်တိုင် အလုပ်လုပ်ရတဲ့ အခါမှာတော့ သူဘာလို့ ရုံးခန်း မထားခဲ့လဲ ဆိုတာကို ကောင်းကောင်း နားလည် သဘောပေါက်လာတယ်…

ကိန်းကြီးခနန်းကြီးနိုင်ဖို့ထက်…

လုပ်ငန်းလည်ပါတ်ဖို့…

လုပ်ငန်းထိရောက်ဖို့က ပိုအရေးကြီးကြောင်းနားလည်လာတယ်…

ရုံးခန်းငှားရင် ရုံးခန်းငှားခတွေ တက်မယ်… မီတာခတွေ… ရေခတွေ… အခြားဗာဟီရတွေတက်မယ်…

ဝန်ထမ်းတွေ များရင် ဝန်ထမ်းစားရိတ်တွေ ထောင်းမယ်… စီးပွားရေးအဆင်ပြေဖို့ ပူရတာ တစ်ဘက်… ဝန်ထမ်းတွေအတွက် လစာဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရတာ တစ်ဘက်နဲ့ ပိုရုန်းရမယ်…

အဲ့လိုတွေ အပိုကုန်စရာများလာရင်.. ကိုယ်ရမယ့် အမြတ်ထဲက ပဲ့ပါမယ်…

အမြတ်ထဲက ပဲ့ပါရင် မိသားစုအထိနာမယ်…

လုံးဝကြီး ဒီလိုရုံးခန်းတွေ၊ ဝန်ထမ်းတွေ မလိုဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး…

လုပ်ငန်းအကြီးကြီးတွေ လုပ်ရင်တော့ လိုတာပေါ့….

ခန်းညားတဲ့ ရုံးခန်းတွေ… များပြားတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းလည်ပါတ်ဖို့ရော… အဟန့်အနေနဲ့ရော မဖြစ်မနေပေါ့…

ဒါပေမယ့် ကိုယ့်လုပ်ငန်းလေးကဖြင့် ခပ်သေးသေး… အလုပ်ထက် ဟန်ကိုယ်ဖို့ ပိုများတယ်ဆိုရင် တော့ဖြင့်… ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မှာပါ…

ဒီသဘောတရားတွေဟာ ဒီဘက်ခေတ်မှာ ပိုအားကောင်းလာတယ်…

အရင်က ဈေးရောင်းရင် ဆိုင်ဖွင့်ရတယ်…

အခု Online တွေက ရောင်းကြတယ်… ထိရောက်မှုခြင်းလည်း ကွာသလို… ကုန်ကျစားရိတ်လည်း အများကြီးကွာသွားတယ်…

ဆိုကြပါစို့ အရင် နာမည်ကြီး လှည်းတန်းက Go Show မှာ အင်္ကျီတစ်ထည် ဝယ်ချင်ရင်… Go Show ကို သွားရမယ်…

နယ်ကလူတွေဆို ရန်ကုန်ကို လူကြုံမှာရမယ်… ဒါမှမဟုတ် ရန်ကုန်ရောက်မှ ဝယ်ရမယ်…

ဘာပစ္စည်းတွေရှိလဲ သိချင်ရင်လည်း သိခွင့်မရ…

အခု Online Shopping တွေ ပေါ်လာတော့ တစ်နိုင်ငံလုံး ကြိုက်တဲ့နေရာက ကြိုက်သလို ရွေးချယ် ဝယ်ယူနိုင်တယ်…

ရောင်းတဲ့သူဘက်ကလည်း အိမ်မှာထိုင်ပြီး ရောင်းနေရုံပဲ… ဆိုင်ခန်းငှားခလည်း မကုန်ဘူး… ဝန်ထမ်းခလည်း မကုန်ဘူး…

အများဆုံးကုန်လှ Delivery လုပ်ပေးတဲ့သူခနဲ့…. ပစ္စည်းလွှဲခပေါ့…

ပြောင်းလဲလာတဲ့ ခေတ်…. စနစ်နဲ့အညီ လိုက်လျောညီထွေစွာ ကျင့်ကြံသင့်တယ်ဆိုတာလေးကို ပြောချင်တာပါ….

သံသရာ တစ်ပါတ်လည်တယ်ပဲ ဆိုဆို…

အခုဆို ဘယ်သွားသွား ကျွန်တော့် အလုပ်အိတ်ပါတယ်…

အိတ်ထဲမှာ Laptop, Charger, Hard Disk (အစုံ), Tablet, စာရွက်စာတမ်း အကုန်ထည့်ထားတယ်… လေးတာမှ နင့်နေတာပဲ…

လေးတယ်…. ဒါမှမဟုတ် ရှုပ်တယ်ဆိုပြီး တစ်ခုခု ချန်ထားခဲ့ဖို့ မစဉ်းစားလေနဲ့…

ချန်ထားခဲ့တဲ့နေ့ဟာ အဲ့ဒီ့ချန်ထားခဲ့တဲ့ ပစ္စည်း သေချာပေါက်လိုတဲ့နေ့ပဲ…

ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာတွေ့ …

အလုပ်စကားပြောလို့ရတယ်… Presentation လုပ်လို့ရတယ်…

တစ်ခါထဲ Deal အပြတ်ဖြတ်လို့ရတယ်…

ကိုယ်ပိုင်ကားမရှိလို့…

အဖေ့လို ငါ့ကားက ငါ့ရုံးခန်းလို့မပြောနိုင်သေးပေမယ့်…

သေချာတာတစ်ခုကတော့…

ငါ့လက်ဆွဲအိတ်ဟာ ငါ့ရုံးခန်းလို့ အကြောင်းတိုက်ဆိုင်လို့ တွေ့တဲ့သူတိုင်းကို ကျွန်တော် ပြောဖြစ်တတ်ခဲ့ပြီလေ…

Post By :  Pyiet Oo Aung